တန်ဂို ကမ္ဘာ့ဖလား ပွဲစဉ်တွင် ရုရှစုံတွဲ ပထမဆု ဆွတ်ခူးရရှိ

.

သြဂုတ် ၂၃ ။         ။ ရုရှနိုင်ငံသား Dmitry Vasin နဲ့ Sagdiana Khamzina တို့ဟာ အာဂျင်တီးနားနိုင်ငံ၊ ဗြူနိုအဲရီးစ်မှာ ကျင်းပတဲ့ တန်ဂို ကမ္ဘာ့ဖလား ပွဲစဉ်မှာ ပထမဆု ဆွတ်ခူးရရှိခဲ့တာဖြစ်ပါတယ်။

အဆိုပါ စုံတွဲဟာ လူကြိုက်အများဆုံးဆုကိုလည်း ဆွတ်ခူးရရှိခဲ့တဲ့အတွက် ဒါဟာ တကယ့်အောင်မြင်မှုတစ်ခုပါပဲလို့ အစီအစဉ်တင်ဆက်သူက ပြောပါတယ်။

တန်ဂို ကမ္ဘာ့ဖလား ပွဲစဉ်မှာ ပါဝင်ဆင်နွှဲခဲ့တဲ့ ရုရှစုံတွဲ  Dmitry Kuznetsov နဲ့ Olga Nikolaeva  တို့ကလည်း ပဉ္စမဆုကို ဆွတ်ခူးနိုင်ခဲ့တယ်လို့ သိရပါတယ်။

“အိပ်မက်မက်နေတဲ့ အတိုင်းပဲ။ ဒီဆုကို လိုချင်နေတာကြာပြီ။ ဒါပေမယ့် ဒီနှစ်မှာ ပထမဆု ရလိမ့်မယ်လို့ မထင်ထားဘူး။”  လို့ မနှစ်က တန်ဂို ကမ္ဘာ့ဖလားပွဲစဉ်မှာ စတုတ္ထဆုရခဲ့တဲ့ တန်ဂိုအကပညာရှင် Sagdiana Khamzina ကပြောပါတယ်။

“နောက်နှစ်ဆိုရင်တော့ ကျောင်းသားတွေခေါ်လာပြီး ကြည့်မယ်။ ၀င်မပြိုင်တော့ဘူး။” လို့ ပွဲစဉ် ခုနှစ်ခုမှာ ၀င်ရောက်ယှဉ်ပြိုင်ခဲ့ဖူးတဲ့ Dmitry Vasin ကပြောပါတယ်။

တန်ဂို ကမ္ဘာ့ဖလားပွဲစဉ်ကို အာဂျင်တီးနားနိုင်ငံ၊ ဗြူနိုအဲရီးစ်မြို့မှာ ၁၉၉၉ ခုနှစ်က စတင်ကျင်းပခဲ့တာဖြစ်ပါတယ်။

အဆိုပါပွဲစဉ်ကို နှစ်စဉ် သြဂုတ်လ ၁၃ ရက်မှ ၂၆ ရက်အတွင်း ကျင်းပလေ့ရှိပြီး ကမ္ဘာတစ်ဝန်းမှ အကပညာရှင်များ၊ အဆိုရှင်များ လာရောက်ယှဉ်ပြိုင်လေ့ရှိတယ်လို့ သိရပါတယ်။