သြစတြေးလျဘောလုံးကလပ်နှင့်အတူ အူစိန်ဘော့ လေ့ကျင့်ရေး စတင်

.

(ဓာတ်ပုံ - အီးပီအေ)

ဂျမေကာ တာတိုအပြေးသမားဟောင်း အူစိန်ဘော့ဟာ သြစတြေးလျဘောလုံးကလပ် Central Coast Mariners အသင်းနှင့် ပထမဆုံးလေ့ကျင့်ခန်းကို အင်္ဂါနေ့က စတင်ခဲ့တယ်လို့ သိရပါတယ်။

အိုလံပစ်ရွှေတံဆိပ် (၈)ကြိမ်ရယူခဲ့တဲ့ အပြေးသမားဟောင်းဟာ ဆစ်ဒနီမြောက်ဘက်ရှိ ဂါတ်စ်ဖို့ဒ်ရှိ ကလပ်အသင်းရဲ့ ကွင်းမှာ သူ့ရဲ့ အသက် ၃၂ မွေးနေ့မှာ လေ့ကျင့်ခန်းဆင်းခဲ့တာဖြစ်ပါတယ်။

“Mariners အသင်းက အခွင့်အရေးတစ်ခု ကျနော့်ကို ပေးဖို့ ဆုံးဖြတ်ခဲ့ပါတယ်။ ဒီအတွက် ကျနော် အရမ်း ကျေးဇူးတင်ပါတယ်။”လို့ ဘော့က သတင်းစာရှင်းလင်းပွဲမှာ ပြောပါတယ်။

“ကျနော် ကိုယ့်ကိုကိုယ် တွန်းတင်ဖို့နဲ့ တိုးတက်လာဖို့ ဒီနေရာမှာ ရှိနေတာပါ။ လေ့လာသင်ယူဖို့နဲ့ ပိုကောင်းလာဖို့ ကျနော် ဒီနေရာမှာ ရှိနေတာဖြစ်ပါတယ်။”လို့ သူက ဆက်ပြောပါတယ်။

ပရော်ဖက်ရှိနယ်ဘောလုံးကစားသမား ဖြစ်လာဖို့ ရည်မှန်းထားတဲ့ ဘော့ဟာ ပြီးခဲ့နှစ်က အပြေးသမားဘဝကနေ အနားယူခဲ့ပြီး သူဟာ ဂျာမန်ကလပ် ဒေါ့မွန်၊ တောင်အာဖရိကလပ် ဆန်းဒေါင်းစ်နဲ့ နော်ဝေကလပ် စတောင်းစ်ဂါတ်ဆက်အသင်းတွေနဲ့လည်း လေ့ကျင့်ခန်းအတူ ပြုလုပ်ခဲ့ဖူးပါတယ်။

(EFE-EPA)

Tags: