VOOC Flash Charge နည်းပညာပါဝင်သည့် OPPO F9 ကို မြန်မာပြည်ဈေးကွက်တွင် မိတ်ဆက်ပေးသွားရန်ရှိ

.

OPPO Myanmar အနေဖြင့် နိုင်ငံတကာဈေးကွက်များတွင် မိတ်ဆက်ပေးထားပြီဖြစ်သော OPPO F9 စမတ်ဖုန်းသစ်ကို  မြန်မာပြည်မိုဘိုင်းဈေးကွက်တွင် တရားဝင်မိတ်ဆက်ပေးသွားမည်ဖြစ်ကြောင်းသိရှိရသည်။

OPPO F9 တွင် ဒီဇိုင်းပိုင်းထူး ခြားဆန်းသစ်မှုအဖြစ် မိုဘိုင်းလောကတွင်ပထမဆုံးဖြစ်သော Waterdrop Screen ရေစက်ပုံစံမျက်နှာပြင်ဒီဇိုင်းကို စတင်အသုံးပြုပေးထားမည်ဖြစ်ပြီး မျက်နှာပြင်ကျယ်ဝန်းပြည့်ဝလာသည်နှင့်အမျှ  ထိတွေ့သုံးစွဲမှုအပိုင်းတွင်လည်း အားသာချက်များစွာကို ရရှိစေမည်ဖြစ်သည်။

OPPO F9 တွင် OPPO ၏ကိုယ်ပိုင်နည်းပညာတစ်ခုဖြစ်သည့် VOOC Flash Charge အားအမြန်သွင်းစနစ်ပါဝင်လာမည်ဖြစ်သည့်အတွက် ယနေ့ခေတ်မိုဘိုင်းလောက၏ မြန်မြန်ဆန်ဆန် batter အားကုန်ခြင်းပြဿနာကို အကောင်းဆုံးဖြေရှင်းပေးနိုင်စေမည်ဖြစ်ကြောင်း သိရှိရသည်။

OPPO F9 တွင် အဆင့်မြှင့်တင်ပေးထားသည့် AI လုပ်ဆောင်မှုများနှင့်အတူ ပိုမိုကောင်းမွန်သည့် Portrait ဓာတ်ပုံများရိုက်ကူးစေရန်အတွက် Dual Rear Camera စနစ်ကိုပါတပ်ဆင်ပေးထားမည်ဖြစ်သည်။

အရောင်အသွေးပိုင်းကိုကြည့်မည်ဆိုလျှင် ပုံမှန်တစ်ရောင်တည်းကိုရွေးချယ်အသုံးပြုခြင်းထက် ခေတ်ဆန်ဖက်ရှင်ကျလှ ပစေမည့် Gradient Color အရောင်ပြေးဒီဇိုင်းကိုပါ ရွေးချယ်နိုင်စေဦးမည်ဖြစ်ကြောင်း သိရှိရသည်။

 မြန်မာနိုင်ငံသို့ တင်သွင်းရောင်းချပေးမည့် OPPO F9 ၏အသေးစိတ်အချက်အလက်များကို OPPO Myanmar မှ ဆက်လက်ကြေညာပေးသွားမည်ဖြစ်ကြောင်း သိရှိရသည်။