တစ်ရက်အတွင်း တာလီဘန်စစ်သွေးကြွ ၁၀၀ ကျော်အား အာဖဂန်တပ်ဖွဲ့ သုတ်သင်

တစ်ရက်အတွင်း တာလီဘန်စစ်သွေးကြွ ၁၀၀ ကျော်အား အာဖဂန်တပ်ဖွဲ့ သုတ်သင်

ကဘူးလ်၊ စက်တင်ဘာ ၆ ။ ။ အာဖဂန်နစ္စတန်နိုင်ငံတွင် တစ်ရက်အတွင်း နိုင်ငံအနှံ့ဆင်နွှဲသည့် စစ်ဆင်ရေးများတွင် အာဖဂန်စစ်တပ်တပ်ဖွဲ့ဝင်များက တာလီဘန်စစ်သွေးကြွ ၁၀၀ ကျော်ကို သုတ်သင်လိုက်နိုင်သည်။

နိုင်ငံတစ်ဝန်းဆင်နွှဲသည့် စစ်ဆင်ရေးများတွင် စစ်သွေးကြွ ၁၀၃ ဦးကို သုတ်သင်လိုက်နိုင်ပြီး ၉၅ ဦး ဒဏ်ရာရရှိကြောင်း အာဖဂန်ကာကွယ်ရေးဝန်ကြီးဌာနက ထုတ်ပြန်သည်။

လက်ရဖမ်းဆီးခဲ့သူ စစ်သွေးကြွ ၁၀ ရှိပြီး အာဖဂန်တပ်ဖွဲ့ဝင်များဖက်က ကျဆုံးသူ ၁၇ ဦးရှိကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြသည်။

အာဖဂန်နစ္စတန်နိုင်ငံသည် ၂၀၁၁ ခုနှစ်က အမေရိကန်၏ အကြမ်းဖက်တိုက်ဖျက်ရေး လုပ်ဆောင်မှုကြောင့် အမေရိကန်နှင့် မဟာမိတ်များ ဝင်ရောက်တိုက်ခိုက်စဉ်မှာစကာ ယခုအထိ တည်ငြိမ်မှုမဲ့ကာ စစ်ဘေးစစ်ဒဏ် ကြုံတွေ့နေဆဲတစ်နိုင်ဖြစ်သည်။

Ref: Press TV

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly