အသစ်တစ်ဖန် ပြန်လည်ရိုက်ကူးထားသည့် Papillon ဇာတ်ကားအား ရုံတင်ပြသသွားမည်ဖြစ်

.

 

သြဂုတ် ၂၀ ။        ။ ၁၉၆၉ ခုနှစ်မှာ ရုံတင်ပြသခဲ့တဲ့ Papillon ရုပ်ရှင်ဇာတ်ကားကြီးကို မှီငြမ်းပြီး အသစ်ပြန်လည်ရိုက်ကူးထားတဲ့ Papillion ဇာတ်ကားသစ်ကို များမကြာမီမှာ ရုံတင်ပြသသွားမယ်လို့ သိရပါတယ်။

Papillon ဇာတ်ကားဟောင်း ထွက်ရှိပြီး ၄၅ နှစ်ကြာမှ ဟောလိဝုဒ် ရုပ်ရှင်ထုတ်လုပ်သူ ဂျိုရေး မက်ဖာလန်က အဆိုပါဇာတ်ကားကို ပြန်လည်ရိုက်ကူးခဲ့တာဖြစ်ပါတယ်။

၁၉၆၉ ခုနှစ်တုန်းက ထွက်ရှိတဲ့ Papillon ထောင်ဖောက် ဇာတ်ကားကြီးမှာ စတိဗ့်မက်ဂွင်းနဲ့ တတ်စတင်ဟော့ဖ်မန်းတို့ ပါဝင်သရုပ်ဆောင်ခဲ့ပြီး အခုထွက်ရှိမယ့် ဇာတ်ကားသစ်မှာတော့ ချာလီဟန်နမ်နဲ့ ရာမီမာလက်တို့ ပါဝင်သရုပ်ဆောင်ထားတာ ဖြစ်ပါတယ်။

Papillon ဇာတ်ကားသစ်ကို ရိုက်ကူးတဲ့ ဒါရိုက်တာကတော့ မိုက်ကယ်နိုအာ ဖြစ်ပါတယ်။

“တစ်ချိန်တုန်းက နာမည်ကြီးခဲ့တဲ့ Papillon ကို အခုခေတ်ပရိသတ်တွေအတွက် အသစ်ပြန်ပြီး ယူဆောင်လာပေးတဲ့ သဘောပါပဲ။”လို့ ရုပ်ရှင်ထုတ်လုပ်သူ ဂျိုရေးမက်ဖာလန်ကပြောပါတယ်။

“ငယ်ငယ်တုန်းက အဖေနဲ့ ဒီ Papillon ဇာတ်ကားကြည့်ဖူးတယ်။ အမှတ်တရပေါ့ဗျာ”လို့ Papillon ဇာတ်ကားသစ်မှာ ပါဝင်သရုပ်ဆောင်ထားတဲ့ မင်းသား ရာမီမာလက်က ပြောပါတယ်။

အဆိုပါဇာတ်ကားကို များမကြာမီမှာ ရုံတင်ပြသသွားမယ်လို့ သိရပါတယ်။