စပါးအသင်း၏ပစ်မှတ် ဘရာဟီနိုကို ဝက်စ်ဘရွန်းအသင်းစာချုပ်သစ်ကမ်းလှမ်းမည်

စပါးအသင်း၏ပစ်မှတ် ဘရာဟီနိုကို ဝက်စ်ဘရွန်းအသင်းစာချုပ်သစ်ကမ်းလှမ်းမည်

စက်တင်ဘာ ၆၊ ဝက်စ်ဘရွန်း။ ။ ဝက်စ်ဘရွန်းအသင်းသည် စပါးအသင်း၏ပစ်မှတ်ဖြစ်နေသော တိုက်စစ်မှူး ဘရာဟီနိုကို စာချုပ်ဖျက်သိမ်းကြေးပေါင် ၂၅ သန်းပေးရမည့် အချက် ပါဝင်သော စာချုပ်သစ်ချုပ်ရန် ကမ်းလှမ်းမည်ဖြစ်သည်။

အင်္ဂလန်ယူ-၂၁ တိုက်စစ်မှူးဘရာဟီနိုသည် တနင်္ဂနွေနေ့တွင်လေ့ကျင့်ခန်းပြန်ဆင်းနေပြီး အသင်းဥက္ကဋ္ဌဂျရမီပိစ်လက်အောက်တွင် ဘယ်တော့ မှပြန်မကစားတော့ဟု တွစ်တာတွင်ရေးမိခဲ့သည့်အတွက် အမြင့်ဆုံး ဒဏ်ငွေအဖြစ် နှစ်ပတ်လုပ်ခ ပေါင် ၅ သောင်းဝန်းကျင် ဒဏ်ရိုက်ခံရ မည်ဖြစ်သည်။

သို့သော် ဝက်စ်ဘရွန်းအသင်းသည် နွေရာသီအပြောင်းအရွှေ့ကာလအတွင်း ကစားသမားနှင့်ဆက်ဆံရေးပျက်ယွင်းခဲ့မှုကို ပြန်လည်တည်ဆောက်ရန် ဆုံးဖြတ်ထားသည်။

ကစားသမားကိုယ်တိုင်က အသင်းတွင်မပျော်မရွှင်ဖြစ်နေသော်လည်း ဝက်စ်ဘရွန်းတို့အနေဖြင့် အနိမ့်ဆုံးဈေးနှုန်း ပေါင် ၂၅ သန်းရမှသာ လက်လွှတ်ရန်ဆန္ဒရှိနေသည်။

သဘောတူညီချက်တွင် အသင်းနှင့် စာချုပ်ဖျက်သိမ်းကြေးအချက်များအပြင် ကစားသမားဂိုးသွင်းနိုင်မှု၊ နိုင်ငံတကာပွဲကစားရမှုစသည့် အချက်များ လည်းပါဝင်မည်ဖြစ်သည်။

နွေရာသီအပြောင်းအရွှေ့ကာလအတွင်း စပါးအသင်းနှင့်ညှိနှိုင်းမှု အဆင်မပြေသည့်အဓိကအချက်မှာ စပါးအသင်းအနေဖြင့် ကစားသမားပွဲ ထွက်ခွင့်ရမှု၊ ခြေစွမ်းတို့ပေါ်မူတည်ပြီးပေးရမည့် ငွေကြေးကိုအနိမ့်ဆုံးနှုန်းထားဖြင့်သာပေးလိုသည့် အချက်ကြောင့် ဖြစ်သည်။

ဝက်စ်ဘရွန်းအသင်းက ကမ်းလှမ်းသည့်စာချုပ်သစ်အရ ဘရာဟီနိုမှာ လစာတိုးမြင့်ရရှိနိုင်ပြီး တစ်ပတ်ပေါင် ၅ သောင်းထိရဖွယ်ရှိနေသည်။

ရည်ညွှန်း မယ်ရာ

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly