ဥရောပယဉ်ကျေးမှုပွဲတော်က ပြင်သစ်ရုပ်သေးရုပ်ကြီးများ

.

သြဂုတ် ၁၈ ။         ။ ၂၀၁၈ ခုနှစ် ဥရောပယဉ်ကျေးမှုပွဲတော်ကြီးကို  နယ်သာလန်နိုင်ငံ၊ Leeuwarden မြို့မှာ သြဂုတ်လ ၁၇ ရက်ကနေ ၁၉ ရက်အထိ သုံးရက်တိုင်တိုင် ကျင်းပသွားမှာဖြစ်ပါတယ်။

အဆိုပါယဉ်ကျေးမှုပွဲတော်ကြီးကို အခမဲ့ဝင်ရောက်ကြည့်ရှုနိုင်ပြီး အနယ်နယ်အရပ်ရပ်က ဥရောပနိုင်ငံကြီးတွေ လာရောက်ခင်းကျင်းပြသတာကို မြင်တွေ့ရမှာဖြစ်ပါတယ်။

အဆိုပါပွဲတော်မှာ ပြင်သစ်ကုမ္ပဏီ Royal de Luxe ရဲ့ ရုပ်သေးရုပ်အကြီးကြီးတွေကိုလည်း တွေ့မြင်နိုင်မှာဖြစ်ပါတယ်။

"ဒီရုပ်သေးရုပ်တွေကို တီထွင်နေတာ သုံးနှစ်ကျော်ကြာခဲ့ပါပြီ။ အရုပ်မက မျက်လုံးဖွင့်လာပြီး ဟိုကြည့်ဒီကြည့်လုပ်တော့ ပျော်သွားတာပဲ။"လို့ Royal de Luxe ရုပ်သေးတီထွင်သူ ကလော်တီရာဝူကာကပြောပါတယ်။

အဆိုပါ ပြင်သစ်ရုပ်သေးရုပ်ကြီးတွေကို စိတ်ဝင်တစား လာရောက်ကြည့်ရှုသူ ပရိသတ်များစွာရှိခဲ့ပြီး ဥရောပယဉ်ကျေးမှုပွဲကြီးကို လာရောက်ကြည့်ရှုသူ စုစုပေါင်း လေးသိန်းလောက်ရှိမယ်လို့ ခန့်မှန်းသိရှိရပါတယ်။