အင်ဒိုနီးရှားတွင် ၇၃ ကြိမ်မြောက် လွတ်လပ်ရေးနေ့ ကျင်းပ

.

သြဂုတ် ၁၈ ။             ။ ၁၈ ကြိမ်မြောက် အာရှအားကစားပြိုင်ပွဲကို ကြီးမှူးကျင်းပနေတဲ့ အင်ဒိုနီးရှားနိုင်ငံမှာ ပြီးခဲ့တဲ့ သောကြာနေ့ကပဲ ၇၃ ကြိမ်မြောက် လွတ်လပ်ရေးနေ့ကို ကျင်းပခဲ့တာဖြစ်ပါတယ်။

အဆိုပါ အခမ်းအနားကို အင်ဒိုနီးရှားသမ္မတ ဂျိုကို ၀ီတိုတိုနဲ့ အစိုးရဌာနအကြီးအကဲတွေ တက်ရောက်ခဲ့တယ်လို့ သိရပါတယ်။

ဒူဘိုင်းမှာ အလုပ်လုပ်နေတဲ့ အင်ဒိုနီးရှားလူမျိုးတွေကလည်း ပြီးခဲ့တဲ့သောကြာနေ့မှာပဲ လွတ်လပ်ရေးနေ့အခမ်းအနားကို အင်ဒိုနီးရှားကောင်စစ်ဝန်ရုံး၊ ဒူဘိုင်းမှာ ကျင်းပခဲ့တာဖြစ်ပါတယ်။

လက်ရှိမှာတော့ အင်ဒိုနီးရှားနိုင်ငံသား တစ်သိန်းခန့် ဒူဘိုင်းမှာ သွားရောက်နေထိုင်လျက်ရှိတယ်လို့ သိရပါတယ်။

အင်ဒိုနီးရှားနဲ့ ဒူဘိုင်းဟာ နှစ်နိုင်ငံ ကုန်သွယ်ရေးကဏ္ဍ ဖွံ့ဖြိုးတိုးတက်အောင် အလေးထား ဆောင်ရွက်နေတယ်လို့လည်း သိရပါတယ်။