ထိုင်းဖွဲ့စည်းပုံဥပဒေမူကြမ်း စစ်ကောင်စီပယ်ချ

ထိုင်းဖွဲ့စည်းပုံဥပဒေမူကြမ်း စစ်ကောင်စီပယ်ချ

ဘန်ကောက်၊ စက်တင်ဘာ ၆ ။ ။ ပြီးခဲ့သည့်နှစ်က စစ်အာဏာသိမ်းပြီးနောက် ရေးဆွဲသည့် အငြင်းပွားဖွယ် ဖွဲ့စည်းပုံအခြေခံဥပဒေမူကြမ်းကို ထိုင်းစစ်တပ်က ခန့်အပ်ထားသည့် ကောင်စီက ပယ်ချလိုက်သည်။

ထို့အတွက် ကောင်စီသစ်ကို ဖွဲ့စည်းမည်ဖြစ်ရာ ရွေးကောက်ပွဲများ နောက်ဆုတ်သွားမည်ဖြစ်သည်။

အဆိုပါဥပဒေမူကြမ်းနှင့် ပတ်သက်ပြီး အငြင်းပွားဖွယ်များရှိနေသည်။ အထူးသဖြင့် နိုင်ငံတော် ပဋိပက္ခဖြစ်လျှင် အစိုးရအာဏာကို အဖွဲ့ဝင် ၂၃ ဦးပါ ဘုတ်အဖွဲ့က ရယူနိုင်သည့် အခန်းတစ်ရပ်လည်း ပါဝင်သည်။

နိုင်ငံတွင် နိုင်ငံရေးမတည်ငြိမ်မှုများ လချီဖြစ်ပွား၍ ရွေးချယ်ခံအစိုးရကို ဖြုတ်ချကာ စစ်တပ်က အာဏာသိမ်းခဲ့ခြင်းဖြစ်သည်။

အမျိုးသားပြန်လည်ထူထောင်ရေးကောင်စီတွင် အဖွဲ့ဝင် ၂၄၇ ဦးပါဝင်ခဲ့ပြီး ယခုဖွဲ့စည်းပုံမူကြမ်းအား ကန့်ကွက်မဲ ၁၃၅ မဲ၊ ထောက်ခံမဲ ၁၀၅ မဲနှင့် ကြားနေခုနစ်မဲဖြင့် ပယ်ချခဲ့ခြင်းဖြစ်သည်။

ကော်မတီသစ်အနေဖြင့် ဥပဒေမူကြမ်းသစ်အား ရက်ပေါင်း ၁၈၀ အတွင်း ရေးဆွဲရမည်ဖြစ်သည်။

Ref: BBC

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly