စစ်ကိုင်းတိုင်း ဘဏ္ဍာရေးဝန်ကြီးလိုက်ပါသည့် ကားနှင့် ကျောက်တင်ကား တိုက်မှုဖြစ်ပွား

.

(ဓာတ်ပုံ၊Yaung Chyi)

စစ်ကိုင်းတိုင်းဒေသကြီးအစိုးရအဖွဲ့မှ ဘဏ္ဍာရေးဝန်ကြီး ဦးစိုးဦး လိုက်ပါလာသည့် ကားနှင့် ကျောက်တင်ကား တစ်စီးတို့သည် သြဂုတ်လ ၁၆ ရက်၊နံနက်၈နာရီခန့်က စစ်ကိုင်းမြို့၊ တင်းတိပ်ရပ်ကွက်၊တောင်ငူကုန်းမကျီးစဉ်အရှေ့ရပ်စစ်ကိုင်း-မုံရွာကားလမ်းမပေါ်တွင် မတော်တဆတိုက်မိကြောင်း သိရသည်။

ကျောက်တင်ကား SKATက HIJET ယာဉ်အား ဝင်တိုက်ပြီး HIJET ယာဉ်မှ အရှိန်မထိန်းနိုင်ပဲ စစ်ကိုင်းတိုင်းဒေသကြီးအစိုးရအဖွဲ့ တိုင်းဒေသကြီးဘဏ္ဍာရေးဝန်ကြီး ဦးစိုးဦး လိုက်ပါလာသည့်ကားအားတစ်ဆင့် တိုက်မိခဲ့ခြင်း ဖြစ်သည်။

"ဝန်ကြီးက ဒုသမ္မတ လာကြိုတာလို့သိရတယ်။ ကြီးကြီးမားမား ထိခိုက်ဒဏ်ရာရတာတော့မရှိဘူး” ဟု တင်းတိပ်ရပ်ကွက် အုပ်ချုပ်ရေးမှူး ဦးကျော်နိုင်က ပြောသည်။

အဆိုပါ ယာဉ်တိုက်မှုကြောင့် စစ်ကိုင်းတိုင်းဒေသကြီးအစိုးရအဖွဲ့မှဘဏ္ဍာရေးဝန်ကြီး ဦးစိုးဦး လိုက်ပါလာသည့် ကားမှာ ပျက်စီးသွားခဲ့ပြီး ဝန်ကြီးမှာ ဦးခေါင်းအနည်းငယ် ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း အုပ်ချုပ်ရေးမှူး ဦးကျော်နိုင်ကဆိုသည်။

ယာဉ်မဆင်မခြင်းမောင်းနှင်သည့် ကျောက်သယ်ကား ယာဉ်မောင်းကို ဥပဒေအရ အရေးယူနိုင်ရန် ယာဉ်ထိန်း ရဲတပ်ဖွဲ့ကစီစဉ်ဆောင်ရွက်လျှက်ရှိကြောင်းသိရသည်။