အဖွဲ့အစည်းစကားနားထောင်ပြီး ရေရှည်လုပ်နိုင်မဲ့သူကိုသာ အလှမယ် ရွေးချယ်မယ်

.

ရန်ကုန်၊ သြဂုတ် ၁၆ ။          ။ အင်ဒိုနီးရှားနိုင်ငံ၊ ဂျာကာတာမြို့မှာ သွားရောက်ယှဉ်ပြိုင်ရမယ့် Miss Tourism Worldwide 2018 အတွက် အရည်အချင်းရှိတဲ့အပြင် ရေရှည်မှာလက်တွဲနိုင်မယ့်သူမျိုးကို ဦးစားပေးရွေးချယ်မယ်လို့ Miss Tourism Worldwide Myanmar မှ ကိုဘုန်းလင်းစံက ပြောပါတယ်။

" ၉ လပိုင်း ၃ရက်နေ့ဆိုသွားရမယ် အလှမယ်။ ဆိုတော့အရမ်းနီးနေပြီပေါ့။ Body Beauty အပြင်ပေါ့ တကယ်ကို အဖွဲ့ရဲ့စကားကိုနားထောင်နိုင် ၊ လက်ခံနိုင်ပြီးတော့ ရေရှည်လက်တွဲနိုင်တဲ့ အလှမယ်ကိုသာ အရည်အချင်း ပြည့်စုံနေတဲ့အလှမယ်ကိုသာ အဓိကဦးစားပေးပြီးရွေးချယ်သွားမှာပါ " လို့  ပြိုင်ပွဲစီစဉ်တဲ့ Grace Beauty Myanmar Organization က CEO ဖြစ်သူ ကိုဘုန်းလင်းစံက ပြောပါတယ်။

အင်ဒိုနီးရှားနိုင်ငံ၊ ဂျာကာတာမြို့မှာ သွားရောက်ယှဉ်ပြိုင်ရမယ့် Miss Tourism Worldwide 2018 အတွက် မြန်မာကိုယ်စားပြုယှဉ်ပြိုင်ရန် အလှမယ် အယောက် ၂၀ ကို ပြည်နယ်နဲ့တိုင်းကနေ ရွေးချယ်ခဲ့တာဖြစ်ပြီး သြဂုတ်လ ၁၃ ရက်နေ့က စတင်ကာ လေ့ကျင့်မှုတွေ လုပ်နေတယ်လို့ သိရပါတယ်။

Miss Tourism Worldwide Myanmar 2018 ရဲ့ ဂရမ်းဖိုင်နယ်ပြိုင်ပွဲကိုတော့ သြဂုတ်လ ၂၁ ရက်နေ့မှာ ပြုလုပ်မှာဖြစ်ပြီး Winner ဆုရရှိတဲ့သူအနေဖြင့် အင်ဒိုနီးရှားနိုင်ငံ ဂျာကာတာမြို့ မှာ စက်တင်ဘာလ ၃ရက်နေ့မှာ သွားရောက်ယှဉ်ပြိုင်ရမှာလည်းဖြစ်ပါတယ်။

Miss Tourism Worldwide Myanmar က ပထမဦးဆုံးအကြိမ် မြန်မာနိုင်ငံ ကိုယ်စားပြုအနေနဲ့ သွားရောက် ယှဉ်ပြိုင်မှာဖြစ်ပြီး Winner ရရှိတဲ့ အလှမယ်က စင်ကာပူနိုင်ငံမှာ သွားရောက်လေ့ကျင့်ရမှာလည်း ဖြစ်ပါတယ်။

Miss Tourism Worldwide Myanmar 2018 ပြိုင်ပွဲအတွက် နိုင်ငံကိုယ်စားပြု ပြည်နယ်နှင့်တိုင်းက အလှမယ် အယောက် ၂၀ မိတ်ဆက်ပွဲကို  သြဂုတ်လ ၁၅ ရက်နေ့ ရန်ကုန်မြို့ရှိ MY Hotel မှာ ပြုလုပ်ခဲ့တာပါ။