မြန်မာ ယူ ၂၃ နှင့် မြောက်ကိုရီးယားအသင်းတို့ ယှဉ်ပြိုင်မည်

.

သြဂုတ် ၁၅ ။        ။ မြန်မာနှင့်မြောက်ကိုရီးယားတို့ သြဂုတ်လ ၁၅ ရက် မြန်မာစံတော်ချိန် ညနေ ၆ နာရီခွဲတွင် အင်ဒိုနီးရှားနိုင်ငံ၊ Wibawa Mukti ကစားကွင်း၌ ယှဉ်ပြိုင်မည်ဖြစ်သည်။

အာရှအားကစားပွဲတော် ဘောလုံးပွဲစဉ် အုပ်စု(F)အဖြစ် ယှဉ်ပြိုင်ကစားကြခြင်းဖြစ်ပြီး မြန်မာ ယူ ၂၃ အသင်းက ယနေ့ပွဲစဉ်အတွက် မြန်မာဘက်မှ အဖြူရောင်ဂျာစီ ဝတ်ဆင်ယှဉ်ပြိုင်မည် ဖြစ်သည်။

အောင်သူအပါအဝင် MNL ကစားသမားများပါဝင်ပြီး ဂျာမန်နည်းပြ အန်တိုနီဟေး ကိုင်တွယ်မည် ဖြစ်သည်။

ယမန်နေ့က Official Training Ground က ဝေးသောကြောင့် မြန်မာအသင်းတယ်ခိုရာ ဟိုတယ်၏ မျက်နှာချင်းတိုင်ကစားကွင်းမှာပဲ လေ့ကျင့်မှုပြုလုပ်ခဲ့ကြသည်ဟု MFF မှ ထုတ်ပြန်ထားသည်။

အဆိုပါ အုပ်စု F တွင် မြန်မာ၊ အီရန်၊ မြောက်ကိုရီးယား၊ ဆော်ဒီအာရေးဗျတို့ ပါဝင်နေသည်။

အာရှနိုင်ငံများ ၊ အရှေ့အလယ်ပိုင်းနိုင်ငံများ ပါဝင်သော Asian Games 2018 ကို အင်ဒိုနီးရှားနိုင်ငံ ဂျာကာတာမြို့တွင် ကျင်းပနေပြီး Men’s Football ဘောလုံးပွဲစဉ်တွင် အုပ်စု A မှ အုပ်စု F ထိ ပါဝင်ကာ အုပ်စုတစ်ခုလျှင် ၄ သင်းပါဝင်သည်။

မြန်မာအသင်းအနေဖြင့် လာမည့် သြဂုတ်လ ၁၇ ရက် ညနေ ၆ နာရီခွဲတွင် ဆော်ဒီအာရေဗျ၊ သြဂုတ် ၂၀ ရက်၊ ညနေ ၆ နာရီခွဲတွင် အီရန် တို့နှင့် ယှဉ်ပြိုင်ကစားရမည် ဖြစ်သည်။