ရခိုင်ပြည်နယ် ဝန်ကြီးချုပ်တာဝန်ယူစဉ်က ကြိုးတန်းပေါ်မှာ လမ်းလျှောက်နေရသလိုဖြစ်ခဲ့ဟု ဦးမောင်မောင်အုန်းပြော

ရခိုင်ပြည်နယ် ဝန်ကြီးချုပ်တာဝန်ယူစဉ်က ကြိုးတန်းပေါ်မှာ လမ်းလျှောက်နေရသလိုဖြစ်ခဲ့ဟု ဦးမောင်မောင်အုန်းပြော

စစ်တွေ၊ စက်တင်ဘာ ၅ ။ ။ ရခိုင်ပြည်နယ် ဝန်ကြီးချုပ် တာဝန် ယူခဲ့စဉ်က ပြဿနာပေါင်းများစွာကို ဖြေရှင်းခဲ့ရသောကြောင့် ဝန်ကြီးချုပ်လုပ်ရသည်မှာ ကြိုးတန်းပေါ်မှာ လမ်းလျှောက်နေရသလို အဖြစ်မျိုးဖြစ်ခဲ့ကြောင်း ဝန်ကြီးချုပ်ဟောင်း ဦးမောင်မောင်အုန်းက DMG သို့ ပြောကြားသည်။

"ကျနော်တို့ ဒီရခိုင်တွေနဲ့ ဘင်္ဂလီတွေ ဖြစ်တဲ့ ပဋိပက္ခက ဘာသာရေးကြောင့် မဟုတ်ဘူးလို့ ကျနော်တို့က အတိအလင်းပြောပေမယ့်လည်း ကမ္ဘာကြီးကတော့ ဘာသာရေးကြောင့်ဆိုပြီးတော့ ကျနော်တို့ကို စွပ်စွဲပြောဆို၊ ဝေဖန်မှုတွေရှိခဲ့တာပေါ့။ ပြောရရင်တော့ ကျနော့်အနေအထားက ကြိုးတန်းပေါ်မှာ လမ်းလျှောက်နေရသလိုပါပဲလို့၊ ဘယ်တော့များ ပြုတ်ကျမလဲလို့။ အဲဒီတော့ ကျနော့်မှာက ပြောတာဆိုတာ၊ သွားတာလာတာ၊ ဆုံးဖြတ်တာက အစ စဉ်းစားချင့်ချိန်ရပါတယ်။ အထူးသဖြင့် ကျနော်တို့က ဘာသာရေးမဟုတ်ပေမယ့်လည်း နိုင်ငံတကာက ဘာသာရေးပုံစံ အစိုးရ အဲလိုပေါ့ ဝေဖန်ပုတ်ခတ်နေတော့ ဘာသာရေးနဲ့ပတ်သက်လာရင် ကျနော့်မှာလည်း အခက်အခဲတွေ အင်မတန်ကိုမှ ခက်ခဲပါတယ်။ ဒီကိစ္စတွေကလေ။ " ဟု ပြောသည်။

ရခိုင်ပြည်နယ်တွင် ဝန်ကြီးချုပ် ထမ်းဆောင်ရသည်မှာ အခြားတိုင်း နှင့် ပြည်နယ် ဝန်ကြီးချုပ်များ တာဝန်ထက် ပိုပြီး ကမ္ဘာ့အရေးကိစ္စများ(issue) ဆောင်ရွက်ခဲ့ရ၍ အတော်ပင် စိတ်ပင်ပန်းခဲ့ရသည်ဟု ဦးမောင်မောင်အုန်းက ပြောသည်။

၎င်းက ရခိုင်ပြည်နယ် ဝန်ကြီးချုပ်တာဝန်မှ အငြိမ်းစားယူလိုက်ရခြင်းမှာ လာမည့်ရွေးကောက်ပွဲတွင် အမ်းမြို့နယ်က ဝင်ပြိုင်ရန် စာရင်းတင်သွင်းထားသောကြောင့် ဖွဲ့စည်းပုံအခြေခံဥပဒေအရ အငြိမ်စားယူလိုက်ခြင်းဖြစ်သည်။

အငြိမ်းစားယူသွားသော ရခိုင်ပြည်နယ် ဝန်ကြီးချုပ် ဦးမောင်မောင်အုန်းနေရာတွင် ခေတ္တဝန်ကြီးချုပ်အဖြစ် စီးပွားရေး/ စီမံကိန်း ပြည်နယ်ဝန်ကြီး ဦးမြအောင်ကကို တာဝန်ပေးထားကြောင်း ရခိုင်ပြည်နယ် အစိုးရအဖွဲ့ သတင်းနှင့်ပြန်ကြားရေးအဖွဲ့ဝင် ဦးလှသိန်းက ပြောကြားသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly