ရည်းစားဟောင်း Cheryl နှင့်ပြတ်ပြီးနောက်ပိုင်း မော်ဒယ်လ် Cairo Dwek နှင့်တွဲနေသည့် One Direction အဖွဲ့ဝင်ဟောင်း၊ အဆိုတော် Liam Payne

.

သြဂုတ် ၁၃ ။                   ။ One Direction အဖွဲ့ဝင်ဟောင်း၊ အဆိုတော် Liam Payne ဟာ ပြီးခဲ့တဲ့တနင်္ဂနွေနေ့ကပဲ မော်ဒယ်လ် Cairo Dwek နဲ့အတူ အီတလီရှိ Como ရေကန်နားမှာ နေ့လယ်စာစားခဲ့ကြတာဖြစ်ပါတယ်။

Liam Payne (အသက် ၂၄ နှစ်) ဟာ မော်ဒယ်လ် Cairo Dwek (အသက်၂၀နှစ်) နဲ့အတူ Villa D’Este ဟိုတယ်မှာ နေ့လယ်စာစားရင်း ချိန်းတွေ့ခဲ့ကြတာဖြစ်ပါတယ်။

Liam Payne ဟာ ၄င်းရဲ့အရင်ရည်းစား Cheryl (အသက် ၃၅ နှစ်) )နဲ့ပြတ်သွားတာ ၆ ပတ်ပဲရှိပါသေးတယ်။ Cairo Dwek နဲ့မချိန်းတွေ့ခင်မှာလည်း အမွေခံသူဌေးသမီး Maya Henry (အသက် ၁၈ နှစ်) နဲ့အတူ ညစာစားခဲ့တယ်လို့ သိရပါတယ်။

 ပြီးခဲ့တဲ့နွေရာသီမှာ French Riviera ကိုအလည်သွားတုန်းက Cairo နဲ့ စတွေ့ခဲ့တာဖြစ်ပြီး Cairo ရဲ့ Instagram ကပုံတွေကို Like လုပ်ခဲ့တာဖြစ်ပါတယ်။

Liam နဲ့ Cairo တို့ဟာ ကလပ်လည်း အတူတူသွားခဲ့ကြတယ်လို့ သိရပါတယ်။

ပြီးခဲ့တဲ့လတုန်းကတော့ Liam ဟာ ၄င်းရဲ့ ရည်းစားဟောင်း Cheryl ထက် ၁၇ နှစ်ငယ်တဲ့ အမွေခံသူဌေးသမီး Maya Henry နဲ့အတူ ညစာစားခဲ့ပါသေးတယ်။

“Liam နဲ့ Maya တို့က အဆင်ပြေပါတယ်။ ဒါပေမယ့် Liam ကတော့ နောက်တစ်ယောက်ထပ် တွဲဖို့အစီအစဉ်မရှိသေးဘူး။ သူ့သား Bear က သူ့ရဲ့ပထမဦးစားပေးပါပဲ။”လို့ ပြောရေးဆိုခွင့်ရှိသူတစ်ဦးက ပြောပါတယ်။

လက်ရှိမှာတော့ Liam တစ်ယောက် အလုပ်ကိုပဲ အာရုံစိုက်ပြီးလုပ်နေတယ်လို့ သိရပါတယ်။

Liam နဲ့ Cheryl တို့ဟာ ပြီးခဲ့တဲ့ ဇူလိုင်လကမှ ပြတ်သွားတာဖြစ်ပြီး တစ်နှစ်အရွယ် သားလေးတစ်ယောက်ရှိတယ်လို့ သိရပါတယ်။