NEWS FLASH:  ဒေါက်တာညိုညိုသင်း၏ တိုင်ကြားစာအပေါ် အရေးယူရန်မရှိဟု အဂတိကော်မရှင် ဆုံးဖြတ်

YOPE ရုပ်/သံ Mizzima English

မြို့ငါးမြို့ မြစ်ရေအခြေအနေ စိုးရိမ်ရေမှတ်အထက်ရောက်နေ

.

ကရင်ပြည်နယ် ရေကြီးမှုအခြေအနေများကို မြင်တွေ့ရစဉ် ။ Photo- EPA

ရန်ကုန် ၊ သြဂုတ် ၁၃ ။                       ။ ဘားအံ ၊ မဒေါက် ၊ ဇလွန် ၊ သာပေါင်းနှင့် မအူပင်မြို့အနီးရှိ မြစ်ရေအခြေအနေသည် စိုးရိမ်ရေမှတ်အထက်သို့ ကျော်လွန်ရောက်ရှိနေသည်ဟု မိုးလေဝသနှင့်ဇလဗေဒညွှန်ကြားမှုဦးစီးဌာနက ယနေ့ သြဂုတ်လ ၁၃ ရက်နေ့တွင် သတင်းထုတ်ပြန်ထားသည်။

သံလွင်မြစ်ရေသည် ဘားအံမြို့၏ စိုးရိမ်ရေမှတ် ၇၅၀ စင်တီမီတာအထက် ၉၆ စင်တီမီတာ(၃.၁ ပေ) ကျော်လွန်နေပြီး စစ်တောင်းမြစ်ရေသည် မဒေါက်မြို့၏ စိုးရိမ်ရေမှတ် ၁၀၇၀ စင်တီမီတာအထက် ၇ စင်တီမီတာ ကျော်လွန် ရောက်ရှိ နေသည်။

ဧရာဝတီမြစ်ရေသည် ဇလွန်မြို့၏ စိုးရိမ်ရေမှတ် ၁၁၆၀ စင်တီမီတာ အထက် ၁ စင်တီမီတာ ကျော်လွန်နေကာ ငဝန်မြစ်ရေသည် သာပေါင်းမြို့၏ စိုးရိမ်ရေမှတ် ၆၂၀ စင်တီမီတာအထက် ၂ စင်တီမီတာကျော်လွန်နေသည်။

ယင်းအပြင် တိုးမြစ်ရေသည် မအူပင်မြို့၏ စိုးရိမ်ရေမှတ် ၇၂၀ စင်တီမီတာအထက် ၂၂ စင်တီမီတာ သို့ အသီးသီး ကျော်လွန် ရောက်ရှိနေသည်။

သံလွင်မြစ်ရေသည် ဘားအံမြို့အနီး၌ နောက်နှစ်ရက်တာ ကာလအတွင်း ပေဝက် (၆ လက်မ) ခန့် ကျဆင်းနိုင်သော်လည်း စိုးရိမ်ရေမှတ်အထက်တွင် ဆက်လက်တည်ရှိနိုင်ပြီး စစ်တောင်းမြစ်ရေသည် မဒေါက်မြို့အနီး၌ နောက်တစ်ရက်အတွင်း စိုးရိမ်ရေမှတ်အောက်သို့ ကျဆင်းနိုင်သည်ဟု မိုးလေဝသနှင့်ဇလဗေဒပညာရှင် ဒေါက်တာထွန်းလွင်က ခန့်မှန်းထားသည်။

ဘားအံ နှင့် မဒေါက်မြို့သည် ပြီးခဲ့သည့် ဇူလိုင်လအတွင်း၌လည်း ရေကြီးနစ်မြှုပ်မှုဒဏ်ကို ခံစားခဲ့ရသည့် ဒေသများဖြစ်သည်။

လာမည့် သြဂုတ်လ ၁၂ရက်မှ ၁၈ ရက်အတွင်း  မွန်ပြည်နယ်၊ တနင်္သာရီတိုင်းမြောက်ပိုင်းတို့တွင် မိုးကြီးနိုင်မည်ဟု ဦးထွန်းလွင်က ခန့်မှန်းပြောဆိုထားပြီး အဆိုပါဒေသများမှာ ရေကြီးမှုဒဏ်ခံစားခဲ့ရသော ဒေသများ ဖြစ်သည်။

အဆိုပါရက်များအတွင်း မိုးရေချိန် ၃၀၀ မီလီမီတာ (၁၂ လက်မ ) အထက်မိုးရွာနိုင်သောကြောင့်  ကြိုတင် သတိရှိကြရန် ဒေါက်တာထွန်းလွင်က သတိပေးထားသည်။