NEWS FLASH:  မင်းဘူးမြို့အနီး တပ်မတော်တိုက်လေယာဉ် ပျက်ကျ

YOPE ရုပ်/သံ Mizzima English

နှစ်နိုင်ငံနယ်နမိတ်မျဉ်း” ပေါ်တွင် နေထိုင်သူများကို ထောက်ပံ့ခြင်းမပြုရန် မြန်မာအစိုးရတောင်းဆို

.

သြဂုတ် ၁၂ ။       ။ လူတစ်ဦးမျှ နေထိုင်ခြင်းမပြုရဟု နှစ်နိုင်ငံလုံး သတ်မှတ်ထားသည့် နှစ်နိုင်ငံနယ်နမိတ်မျဉ်းနှင့်ခြံစည်းရိုးအကြား “ နှစ်နိုင်ငံနယ်နမိတ်မျဉ်း” ပေါ်တွင် နေထိုင်နေကြသော ဘင်္ဂါလီများနှင့်ပတ်သက်ပြီး ဘင်္ဂလားဒေ့ရှ်နိုင်ငံခြားရေးဝန်ကြီးလာရောက်စဉ် ဆွေးနွေးခဲ့ကြသည်ဟု သတင်းများအရ သိရသည်။

ဘင်္ဂလားဒေ့ရှ်ဘက်မှ  လူသားချင်းစာနာမှု အကူအညီပေးနေမှုကို ရပ်ဆိုင်းရန်နှင့် ယင်းအစား ၎င်းတို့ကို မြန်မာဘက်က လူသားချင်းစာနာမှု အကူအညီတွေ   ပေးမယ်ဆိုပြီး မြန်မာအစိုးရက တောင်းဆိုထားကြောင်း ဒေးလီးစတား၏ သတင်းတစ်ရပ်တွင် ဖော်ပြထားသည်။

ပြီးခဲ့သည့်နှစ် ဩဂုတ် ၂၅ရက်က ရခိုင်ပြည်နယ်မြောက်ပိုင်းတွင် အကြမ်းဖက်တိုက်ခိုက်မှုများ ဖြစ်ပွားနောက် “ နှစ်နိုင်ငံနယ်နမိတ်မျဉ်း” ပေါ်တွင်  လူဦးရေ ၆ ထောင်ကျော် ရောက်ရှိနေထိုင်နေကြခြင်း ဖြစ်သည်ဟု မြန်မာအစိုးရဘက်မှ ထုတ်ပြန်ထားသည်။

အဆိုပါနေရာသည် မြန်မာနိုင်ငံနှင့်ဘင်္ဂလားဒေ့ရှ်အကြား နှစ်နိုင်ငံနယ်စပ်စည်းမျဉ်းမှ ကိုက် ၁၅၀ အကွာခန့်တွင် ကာရံထားသည့် ခြံစည်းရိုးလိုင်းအတွင်း နယ်နမိတ်ကျောက်တိုင် အမှတ် ၃၄ နှင့် ၃၅ အကြားနေရာ ဖြစ်သည်။

နှစ်နိုင်ငံချုပ်ဆိုထားသော စာချုပ်အရ အဆိုပါ နှစ်နိုင်ငံနယ်နမိတ်မျဉ်းနှင့် ခြံစည်းရိုးအကြား လူနေထိုင်ခြင်း လုံးဝခွင့်မပြုသည့်အပြင် မည်သည့်အဆောက်အအုံမှ ဆောက်လုပ်ခြင်း လုံးဝခွင့်မပြုဟု သိရပြီး မြန်မာဘက်မှ ခွင့်မပြုကြောင်း ဘင်္ဂလားဒေ့ရှ်အာဏာပိုင်များအား အသိပေးထားပြီး ဖြစ်သည်။

ဘင်္ဂလားဒေ့ရှ်နိုင်ငံခြားရေးဝန်ကြီး Mr.Abul Hassan Mahmood Ali သည် ဘင်္ဂလီဒုက္ခသည်များ  နေရပ်ပြန်လာရေးအတွက် ပြင်ဆင်နေမှုများကို လေ့လာရန် ၃ ရက်တာခရီးစဉ်အဖြစ်   မြန်မာနိုင်ငံသို့ ရောက်ရှိခဲ့ပြီး နေပြည်တော်တွင် ဒုတိယသမ္မတ ဦးမြင့်ဆွေ၊ နိုင်ငံခြားရေးဝန်ကြီးဌာန ပြည်ထောင်စု ဒုတိယ၀န်ကြီး ဦးကျော်တင်တို့နှင့် တွေ့ဆုံခဲ့သည်။

ယမန်နေ့ကလည်း ဘင်္ဂလားဒေ့ရှ်နိုင်ငံခြားရေးဝန်ကြီးသည် စစ်တွေ၊ မောင်တောဒေသနှင့် တောင်ပြိုလက်ဝဲဂိတ် သို့ သွားရောက်ခဲ့သေးသည်။