NEWS FLASH:  ဒေါက်တာညိုညိုသင်း၏ တိုင်ကြားစာအပေါ် အရေးယူရန်မရှိဟု အဂတိကော်မရှင် ဆုံးဖြတ်

YOPE ရုပ်/သံ Mizzima English

ဘင်္ဂလားပင်လယ်အော်၌ နောက်နှစ်ရက်အတွင်း လေဖိအားနည်းရပ်ဝန်းတစ်ခုဖြစ်ပေါ်နိုင်

.

ရန်ကုန် ၊ သြဂုတ် ၁၁ ။           ။ ဘင်္ဂလားပင်လယ်အော် အနောက်မြောက်ပိုင်း၌ နောက် ၄၈ နာရီအတွင်း လေဖိအားနည်းရပ်ဝန်း တစ်ခု ဖြစ်ပေါ်နိုင်သည်ဟု မိုးလေဝသနှင့် ဇလဗေဒညွှန်ကြားမှုဦးစီးဌာနက ယနေ့ သြဂုတ်လ ၁၁ ရက်နေ့ နေ့လယ် နှစ်နာရီခန့်တွင် သတင်းထုတ်ပြန် ထားသည်။

လက်ရှိအချိန်တွင် ကပ္ပလီပင်လယ်ပြင်နှင့် ဘင်္ဂလားပင်လယ်အော်တောင်ပိုင်းတို့၌ မုတ်သုံလေ အားအလွန် ကောင်းနေပြီး မြစ်ဝကျွန်းပေါ်၊ မုတ္တမကွေ့၊ မွန်-တနင်္သာရီကမ်းရိုးတန်းတစ်လျှောက်နှင့် ကမ်းလွန်ပင်လယ်ပြင် တို့တွင် တစ်ခါတစ်ရံ မိုးသက်လေပြင်းများကျရောက်ပြီး လှိုင်းကြီးနိုင်ပါသည်ဟု မိုး/ဇလ က ထုတ်ပြန် ထားသည်။

မိုးသက်လေပြင်းကျစဉ် ရေပြင်/မြေပြင်လေသည် တစ်နာရီလျှင် (၃၅)မိုင်မှ မိုင်(၄၀)အထိ တိုက်ခတ်နိုင်ပြီး မြစ်ဝကျွန်းပေါ်၊ မုတ္တမကွေ့၊ မွန်-တနင်္သာရီ ကမ်းရိုးတန်းတစ်လျှောက်နှင့် ကမ်းလွန်ပင်လယ်ပြင်တို့တွင် လှိုင်းအမြင့် (၈)ပေမှ (၁၁)ပေခန့် ရှိကာ ရခိုင်ကမ်းရိုးတန်းတစ်လျှောက်နှင့် ကမ်းလွန်ပင်လယ်ပြင်တို့တွင် (၅)ပေမှ (၈)ပေခန့် ရှိနိုင်သည်။

မိုးရွာသွန်းမှုအနေဖြင့် စစ်ကိုင်းတိုင်း ၊ မကွေးတိုင်းတို့၌ နေရာကျဲကျဲ၊ နေပြည်တော်၊ မန္တလေးတိုင်းတို့၌ နေရာစိပ်စိပ် နှင့် ကျန်တိုင်းဒေသကြီးနှင့် ပြည်နယ်များ၌ နေရာအနှံ့အပြား မိုးထစ်ချုန်းရွာနိုင်သည်ဟု မိုး/ဇလ က ဆိုသည်။

ယင်းအပြင် ကချင် ၊ ကရင် နှင့် မွန်တို့တွင် ဒေသအလိုက် မိုးရွာသွန်းနိုင်ပြီး စစ်ကိုင်းတိုင်းနှင့် တနင်္သာရီတိုင်း တို့၌  နေရာကွက်၍ မိုးကြီးနိုင်သည်ဟု သတင်းထုတ်ပြန်ထားသည်။