အသက် ၂၁ နှစ်ပြည့်မွေးနေ့အတွက် Kylie Jenner အလှူအတန်းပြုလုပ်

.

သြဂုတ် ၁၁ ။            ။ ပြီးခဲ့တဲ့သောကြာနေ့မှာ ကျရောက်တဲ့ Kylie Jenner ရဲ့မွေးနေ့အတွက် ရိုးလ်စ်ရွိုက်စ်ကားအပါအ၀င် တခြားလက်ဆောင်လေးတွေ အစီအရီရောက်ရှိနေခဲ့တာ ဖြစ်ပါတယ်။

ပြီးခဲ့တဲ့သောကြာနေ့မှာ ရောင်းထွက်တဲ့ Kylie အလှပြင်ပစ္စည်းရောင်းရငွေတွေကိုလည်း Habitat LA အဖွဲ့အစည်းကို လှူဒါန်းပေးခဲ့တယ်လို့ Kylie က ၄င်းရဲ့ တွစ်တာစာမျက်နှာမှာ   ရေးသားဖော်ပြခဲ့ပါတယ်။

“ဒီကနေ့ကျရောက်တဲ့ မွေးနေ့မှာ ရောင်းရတဲ့ Kylie အလှကုန်ဝင်ငွေတွေကို HabitatLA ကိုလှူဒါန်းသွားမှာဖြစ်ပါတယ်။ HabitatLA ဟာ ကမ္ဘာတစ်ဝန်းလုံးက ခိုလှုံရာမဲ့နေတဲ့ မိသားစုတွေကို ကူညီပေးနေတဲ့ အဖွဲ့အစည်းတစ်ခုဖြစ်ပါတယ်။”လို့ Kylie ကပြောခဲ့ပါတယ်။

အဆိုပါလှူဒါန်းမှုအတွက်လည်း အထူးကျေးဇူးတင်ရှိကြောင်း HabitatLA က Kylie ကိုပြောခဲ့ပါတယ်။

Kylie အကြိုက်ဆုံးလက်ဆောင်ကတော့ သူမရဲ့ရည်းစား၊ Stormi ရဲ့ အဖေ Travis Scott ပေးတဲ့ ၁၉၅၀ ခုနှစ်ထုတ် ရိုးလ်စ်ရွိုက်စ်ကားလေးပဲဖြစ်ပါတယ်။

အဆိုပါကားဟာ ထုတ်လုပ်တဲ့ခုနှစ်နဲ့ မော်ဒယ်လ်အမျိုးအစားပေါ် မူတည်ပြီး ဒေါ်လာ ၂သောင်း၅ထောင်ကနေ ၃သိန်းကြား တန်ဖိုးရှိတဲ့ကားဖြစ်တယ်လို့ သိရပါတယ်။

ခြံထဲကနေ အိမ်ကိုလာတဲ့ လမ်းတစ်လျှောက်မှာလည်း Travis က နှင်းဆီပန်းလေးတွေ ကြဲထားခဲ့တာဖြစ်ပါတယ်။

Kylie ဟာ ပြီးခဲ့တဲ့သောကြာနေ့က ရရှိခဲ့တဲ့ လက်ဆောင်တွေကို Snapchat ကနေတဆင့် ပရိသတ်တွေကို ပြောပြခဲ့တာ ဖြစ်ပါတယ်။

Tags: