NEWS FLASH:  မင်းဘူးမြို့အနီး တပ်မတော်တိုက်လေယာဉ် ပျက်ကျ

YOPE ရုပ်/သံ Mizzima English

Sherman Oaks အိမ်ဂေဟာကြီးအား အမေရိကန်ဒေါ်လာ ၄၂ သိန်း ၅သောင်းဖြင့် ပြန်လည်ရောင်းချမည့် Joe Jonas

.

သြဂုတ် ၁၁ ။            ။ Joe Jonas ဟာ Sherman Oaks အိမ်ဂေဟာကို ၂၀၁၆ ခုနှစ်တုန်းက ဒေါ်လာ၃၇သိန်းနဲ့ ၀ယ်ယူခဲ့တာ ဖြစ် ပါတယ်။ စတုရန်းပေ ၅၆၀၀ ကျယ်ဝန်းတဲ့ အိမ်ဂေဟာမှာ အသက် ၂၈ နှစ်အရွယ် Joe Jonas တစ်ယောက်ဟာ မင်းသားတစ်ပါးလို နှစ်နှစ်တိတိ နေထိုင်ခဲ့ပုံရပါတယ်။

အဆိုပါအိမ်ကြီးထဲမှာ အိပ်ခန်းငါးခန်း၊ ရေချိုးခန်းခြောက်ခန်းနဲ့ ဧည့်သည်တွေအတွက် တည်းခိုခန်းတစ်ခန်း ပါဝင်ပါတယ်။

ဧည့်ခန်းထဲမှာတော့ ရုပ်ရှင်ရုံလိုတည်ဆောက်ထားပြီး အေးအေးဆေးဆေးနားနေနိုင်အောင် ပြုလုပ်ထားတာဖြစ်ပါတယ်။

အိမ်ဂေဟာဝင်ပေါက်ကိုလည်း မာဘယ်ကျောက်တွေ၊ နံရံတွေနဲ့ သေချာမွမ်းမံထားသလို မီးဖိုချောင်ကိုလည်း ရွှေရောင်၊ အနက်ရောင်တွေနဲ့ အနုစိတ်ခြယ်သထားတယ်လို့ သိရပါတယ်။

ဧည့်ခန်း၊ မိသားစုအခန်းနဲ့ မာစတာအိပ်ခန်းတွေမှာလည်း မီးလှုံနိုင်အောင် တပ်ဆင်ထားတာဖြစ်ပါတယ်။

အိမ်ရဲ့အပြင်ဘက်မှာတော့ ရေကူးကန်တွေနဲ့ အေးအေးဆေးဆေး နားနေနိုင်အောင် ပြုလုပ်ထားတာကို မြင်တွေ့ရမှာဖြစ်ပါတယ်။

၂၀၁၆ ခုနှစ်မှာ Joe Jonas က အဆိုပါအိမ်ဂေဟာကို ဒေါ်လာ ၃၇သိန်းနဲ့ ၀ယ်ယူခဲ့တာဖြစ်ပြီး ယခုလက်ရှိမှာတော့ ဒေါ်လာ ၅သိန်း၅သောင်းအမြတ် ရဖို့ ၄၂သိန်း၅သောင်းနဲ့ ရောင်းချတာဖြစ်ပါတယ်။

Joe Jonas ဟာ ရုပ်ရှင်သရုပ်ဆောင် Sophie Turner နဲ့ ပြီးခဲ့တဲ့နှစ်၊ အောက်တိုဘာလတုန်းက စေ့စပ်ခဲ့တာ ဖြစ်ပါတယ်။