NEWS FLASH:  ဒေါက်တာညိုညိုသင်း၏ တိုင်ကြားစာအပေါ် အရေးယူရန်မရှိဟု အဂတိကော်မရှင် ဆုံးဖြတ်

YOPE ရုပ်/သံ Mizzima English

ဒုက္ခသည်များနေရပ်ပြန်ရေး ပြင်ဆင်နေမှုများကို လေ့လာရန် ဘင်္ဂလားဒေ့ရှ် နိုင်ငံခြားရေးဝန်ကြီး မြန်မာသို့ ရောက်ရှိ

.

ဘင်္ဂလီဒုက္ခသည်များ နေရပ်ပြန်လာရေးအတွက် ပြင်ဆင်နေမှုများကို လေ့လာရန် ဘင်္ဂလားဒေ့ရှ် နိုင်ငံခြားရေး ဝန်ကြီး အဘူလ်ဟယဆန်မာမွတ်အလီက မြန်မာနိုင်ငံသို့ သုံးရက်တာ ခရီးစဉ်ရောက်ရှိနေပြီး ယနေ့ သြဂုတ်လ ၁၀ ရက်၊ မွန်းလွဲ ၂ နာရီတွင် နေပြည်တော်၌ ဒုတိယသမ္မတ ဦးမြင့်ဆွေနှင့်တွေ့ဆုံသည်။

နိုင်ငံခြားရေးဝန်ကြီးသည် စင်ကာပူလေကြောင်းလိုင်း လေယာဉ်တစ်စီးဖြင့် သြဂုတ် ၈ ရက် ညပိုင်းက ဒါကာမှ ထွက်ခွာခဲ့ပြီး မြန်မာနိုင်ငံသို့ လာရောက်သည့်အကြောင်းရင်းများထဲတွင် ရခိုင်ပြည်နယ်မှ နေရပ်စွန့်ခွာသွားသူ များ ပြန်လည်လက်ခံရေးအပါအ၀င် အခြားကိစ္စရပ်များ ပါဝင်သည်။

ထိုသို့တွေ့ဆုံစဉ် ပြန်လည်လက်ခံရေးကိစ္စများအပါအ၀င် မြန်မာ-ဘင်္ဂလားဒေ့ရှ် နှစ်နိုင်ငံ ပူးပေါင်း ဆောင်ရွက်မှု တိုးမြှင့်ရေးကိစ္စရပ်များ၊ ကုန်သွယ်မှုနှင့် ရင်းနှီးမြှပ်နှံမှု မြှင့်တင်ရေး၊ ပြည်သူအချင်းချင်း ပူးပေါင်းဆောင်ရွက်မှုမြှင့်တင်ရေးဆိုင်ရာကိစ္စရပ်များကို ဆွေးနွေးခဲ့ ကြသည်ဟု မြန်မာဘက်မှ ထုတ်ပြန်ထားသည်။

ရခိုင်ပြည်နယ်တွင် ဒုက္ခသည်များကို နေရာချထားပေးရေးအတွက် အိမ်ရာပြင်ဆင်နေမှု များ၊ နေရာ ခင်းကျင်း ထားသော အခြေအနေများကို ဝန်ကြီးအနေဖြင့် သွားရောက်ကြည့်ရှုမည်ဖြစ်ကြောင်း ဝန်ကြီးဌာနမှ အစောပိုင်းက ထုတ်ပြန်ထားပြီး ဖြစ်သည်။

ရခိုင်ပြည်နယ် ပဋိပက္ခများမှ ဘင်္ဂလားဒေ့ရှ်နိုင်ငံဖက်သို့ ထွက်ပြေးလာသည့် ဒုက္ခသည်များကို လက်ခံထား သည်မှာ အရေအတွက်အားဖြင့် ခုနစ်သိန်းခန့်ရှိကြောင်း သတင်းတွင် ဖော်ပြထားသည်။

ဘင်္ဂလားဒေ့ရှ်နှင့် မြန်မာ နှစ်နိုင်ငံအနေဖြင့် အဆိုပါ ဒုက္ခသည်များ နေရပ်ပြန်လည်ချထားပေးရေး လုပ်ငန်းစဉ် ကို စတင်ရန် သဘောတူ လက်မှတ်ထိုးထားပြီး ဖြစ်သော်လည်း နိုင်ငံတကာ အသိုင်းအဝန်းက ၎င်းဒုက္ခသည် များ ဘေးကင်းလုံခြုံစွာဖြင့် ဂုဏ်သိက္ခာရှိစွာ ပြန်နိုင်ရေးကို အလေးအနက်ထား တွန်းအားပေး ပြောဆိုထား သည်။