NEWS FLASH:  ဒေါက်တာညိုညိုသင်း၏ တိုင်ကြားစာအပေါ် အရေးယူရန်မရှိဟု အဂတိကော်မရှင် ဆုံးဖြတ်

YOPE ရုပ်/သံ Mizzima English

ဗေဒင်ဆရာ အောင်ချစ်ပိုအမှုကို ယခုလအတွင်း ဆက်လက်စစ်ဆေးမည်

.

ရန်ကုန်   သြဂုတ်   ၁၀ ။           ။ ဗေဒင်ဆရာ အောင်ချစ်ပိုအမှုကို လာမည့် သြဂုတ် လ ၂၀ ရက်နေ့တွင် ရန်ကုန်မြို့စမ်းချောင်းမြို့နယ် တရားရုံး၌ ဆက်လက်စစ်ဆေးသွားမည် ဟု ဗေဒင်ဆရာ၏ ရှေ့နေဖြစ်သော တရားလွှတ်တော်ရှေ့နေ ဦးစိုးဝင်းအောင်က မဇ္ဈိမသို့ပြောသည်။

ဗေဒင်ဆရာအောင်ချစ်ပိုသည် ယခင်က ကိုးထပ် ကြီးဘုရားတွင် ဟောခန်းဖွင့်လှစ်၍ ဗေဒင်ဟောစဉ် ဗေဒင်လာမေးသည့် အမျိုးသမီးအချို့ကို ကာယိနြေ္ဒပျက်ပြားအောင်ပြုမူကြောင်း စွပ်စွဲမှုများနှင့် ရင်ဆိုင်ခဲ့ရပြီး လက်ရှိတွင် အမှုရင်ဆိုင်နေရသည်။

" ပြီးခဲ့တဲ့ ၆ ရက်နေ့ ရုံးချိန်းမှာ ကေခိုင်မြင့်မြတ် ကိုစစ်လိုက်တယ်။ လာမယ့် ၂၀ ရက်နေ့မှာ ကေခိုင် မြင့်မြတ်ရဲ့အမေနဲ့ ဒိန်းပိုပိုဒေါင်ကို ဆက်လက်စစ်ဆေးသွားမယ်" ဟု တရားလွှတ်တော် ရှေ့နေ ဦးစိုးဝင်းအောင်က ပြောသည်။

ဗေဒင်ဆရာအောင်ချစ်ပိုသည် သြဂုတ်လ ၁၀ ရက် နေ့တွင် သာကေတမြို့နယ်၊ တစ်ရာ့ရှစ်တောင်ဘုရားအနီး၊ သန်လျင်ချဉ်းကပ်လမ်းပေါ်ရှိ ဈေးဆိုင်တန်းတွင် ဗေဒင်ဟောခန်းအသစ်ကို ပြန်လည်ဖွင့်လှစ်ခဲ့သည်။

" ဆရာတရားစွဲထားတဲ့အပိုင်း ၆၆ /ဃ က မှော် ဘီ အထိရောက်နေပြီ။မှော်ဘီစခန်းမှာ အဲဒါ ရုံးတင်တော့မှာ။ ဆရာ့ကိုစွဲထားတဲ့အပိုင်းက ရုံးချိန်း ၃ ချိန်းပေါ့။ ၃ ချိန်းမှာ ဟိုတစ်ယောက်က မလာတော့ဘူး။ မလာဘူးဆိုတော့ ဒါက ၃ ချိန်းဆို ပြီးသွားမှာပဲလေ။ ဒီကိစ္စက။ နောက်တစ် ယောက်ကကျတော့ ၂ ချိန်းမလာဘူး။ နေမကောင်း လို့ ဆိုပြီးတော့။ နောက် ၁ ချိန်းကျတော့တရားရုံးက သဗ္ဗာန်စာထုတ်လိုက်တော့ ရောက်လာတယ်။ ပြီးခဲ့တဲ့ အပတ် တနင်္လာနေ့က။" ဟု ဗေဒင်ဆရာ အောင်ချစ်ပိုက ပြောသည်။

ဖေဖော်ဝါရီလ ၇ ရက်နေ့၊ နေ့လယ်ပိုင်းတွင် ကိုးထပ် ကြီးဘုရား၌  ဟောခန်းဖွင့်လှစ်ခဲ့သော ဗေဒင်ဆရာ အောင်ချစ်ပိုကို ရုပ်ရှင်သရုပ်ဆောင်ဒိန်းဒေါင်၏သမီးဖြစ်သူ မမြတ်နိုးဦးက ရန်ကုန်မြို့၊စမ်းချောင်းမြို့မရဲစခန်း တွင် ပုဒ်မ ၃၅၄ (အမျိုးသမီးများ၏ ကာယိနြေ္ဒပျက် ပြားစေရန်အကြံဖြင့် လက်ရောက်ကျူးလွန်ခြင်း) ၊ရာဇဝတ်မှုမကင်းသော ချောက်လှန့်မှု၊ ရာဇသတ်ကြီး ပုဒ်မ ၅၀၆ စသည့် ပုဒ်မ ၂ ခုဖြင့် အမှုဖွင့်ခဲ့သည်။ ထို့ကြောင့် အဆိုပါ ဗေဒင်ဆရာသည်  စမ်းချောင်းတရားရုံးတွင် အမှုရင်ဆိုင်နေရသူဖြစ်သည်။

ထို့အပြင်  K Khine Myint Myat အကောင့်ပိုင်ရှင်မှလည်း  ရာဇသတ်ကြီး ပုဒ်မ ၃၅၄ (အမျိုးသမီးများ၏ ကာယိနြေ္ဒပျက် ပြားစေရန်အကြံဖြင့် လက်ရောက်ကျူးလွန်ခြင်း)ဖြင့် ယင်းဗေဒင်ဆရာကို စမ်းချောင်းမြို့မ ရဲစခန်းတွင် ဇန်နဝါရီလ ၂၉ ရက်က အမှုဖွင့်ထားခဲ့သည်။ ထိုဖြစ်စဉ်အတွက် ဗေဒင်ဆရာ အောင်ချစ်ပိုက K Khine Myint Myat အကောင့်ပိုင်ရှင်ကို ဆယ်သွယ်ရေး ဥပဒေပုဒ်မ ၆၆(ဃ) ဖြင့် ဖေဖော်ဝါရီ ၃ ရက်တွင် ပြန်လည် အမှုဖွင့်ခဲ့သည်။

ထို့ပြင် ဗေဒင်ဆရာ အောင်ချစ်ပိုသည် ၄င်း၏ကာယိနြေ္ဒပျက်ပြားအောင် ရေးသားထားမှုများကို facebook ပေါ်တွင် screenshot များပြန်တင်ခဲ့သည့် Phyo Wai Win အကောင့်ပိုင်ရှင်ကိုလည်း စမ်းချောင်းမြို့မ ရဲစခန်းတွင် ဆက်သွယ်ရေး ဥပဒေပုဒ်မ ၆၆(ဃ)ဖြင့် ဇန်နဝါရီလ ၂၇ ရက်နေ့က ပြန်လည်အမှုဖွင့်ခဲ့သည်။

အမှုရင်ဆိုင်နေရစဉ်ကာလအတွင်း ဗေဒင်မေးသူ များ၏ တိုက်တွန်းမှုကြောင့် ကိုးထပ်ကြီးဘုရား တွင် ပြန်ဖွင့်ရန်စာတင်သော်လည်း အမှုကာလအတွင်း ဟောခန်းမဖွင့်ရန်ဆုံးဖြတ်ခဲ့သည်ဟု ဗေဒင်ဆရာ အောင်ချစ်ပိုက ပြောသည်။

" ဟောခန်းလေးပြန်ဖွင့်ပေးပါဆိုတော့ ကိုးထပ် ကြီး ဂေါပကကို စာတင်တယ်။ စာတင်တော့ ဂေါပက အဖွဲ့တွေကလည်း သူတို့အစည်းအဝေးထိုင်တယ်။ သူတို့ဆုံးဖြတ်ချက်က ဒီမှာအမှုဖြစ်သွားတဲ့ အမှုဖြစ်နေ တဲ့ကာလမှာ မဖွင့်ပါနဲ့ဦး။ အမှု ပြီးသွားရင်တော့ ပြန်ဖွင့်ရင်ဖွင့်ပေါ့။ အဲဒီတော့ ကိုယ် လည်း လျှောက်ရှာရင်းနဲ့ ဒီဘုရားမှာ တွေ့ တာ" ဟု ဗေဒင်ဆရာ အောင်ချစ်ပိုက ပြော သည်။

လက်ရှိအနေအထားတွင် ဟောခန်းဖွင့်လှစ်ခြင်းမှာ ပြင်ပဈေးဆိုင်တန်းတွင် ဆိုင်းခန်းရှင်နှင့် ငှားရမ်း ဖွင့်လှစ်ခြင်းသာဖြစ်သောကြောင့် ကန့်ကွက်ရန် မရှိကြောင်း သာကေတမြို့နယ်၊ တစ်ရာ့ရှစ်တောင် ဘုရားဂေါပကအဖွဲ့က ပြောသည်။

ဗေဒင်ဆရာ အောင်ချစ်ပိုအား တရားစွဲဆိုထားသူများကို သြဂုတ်လ ၁၀ ရက်နေ့တွင် မဇ္ဈိမက အကြိမ်ကြိမ် ဆက်သွယ်မေးမြန်းသော်လည်း ဖြေကြားခြင်းမရှိပေ။