Despacito ရက်ပ်အဆိုတော် Daddy Yankee ၏ ဒေါ်လာသိန်း၂၀တန် လက်ဝတ်လက်စားများ စပိန်ဟိုတယ်၌ အခိုးခံရ

.

သြဂုတ် ၁၀ ။           ။ ပွါတိုရီကန် ရက်ပ်အဆိုတော် Daddy Yankee ဟာ ၂၀၁၇ ခုနှစ်မှာ ထွက်ရှိခဲ့တဲ့ ၄င်းရဲ့ သီ Despacitoချင်းနဲ့ နာမည်ကျော်ကြား လူသိများခဲ့တဲ့ အဆိုတော်တစ်ဦးဖြစ်ပါတယ်။

Daddy Yankee ဟာ စပိန်နိုင်ငံမှာရှိတဲ့ မီလီရာပလန်စီရာဟိုတယ်မှာ တည်းခိုနေစဉ် ပြီးခဲ့တဲ့အင်္ဂါနေ့မှာ Daddy ရဲ့ လက်ဝတ်လက်စားတွေ အခိုးခံလိုက်ရတာဖြစ်ပါတယ်။

အဆိုပါလက်ဝတ်လက်စားတွေဟာ ဒေါ်လာသိန်း၂၀ တန်တယ်လို့ သိရပါတယ်။

သူခိုးဟာ Daddy လိုမျိုးဝတ်စားထားပြီး ဟိုတယ်ဝန်ထမ်းတွေကို Daddy ရဲ့အခန်းသော့ ဖွင့်ခိုင်းခဲ့တာဖြစ်ပါတယ်။

လက်ဝတ်လက်စားတွေ ပျောက်ဆုံးနေတာကို သိသိချင်း ပြီးခဲ့တဲ့အင်္ဂါနေ့ညမှာပဲ Daddy က ရဲတွေကို လက်ဝတ်လက်စားထည့်ထားတဲ့ မီးခံသေတ္တာနဲ့ ပိုက်ဆံထည့်ထားတဲ့ မီးခံသေတ္တာ အဖောက်ခံလိုက်ရကြောင်း တိုင်ကြားခဲ့တာဖြစ်ပါတယ်။

မနေ့ကမှ Daddy ရဲ့ ပြောရေးဆိုခွင့်ရှိသူက အဆိုပါခိုးမှုကို တွစ်တာမှာ အတိအလင်းကြေညာခဲ့တာဖြစ်ပါတယ်။

“အဆိုပါခိုးမှုနဲ့ စပ်လျဉ်းပြီး Daddy က ရှေ့နေအဖွဲ့တစ်ဖွဲ့ကို ငှားထားပြီး စုံစမ်းစစ်ဆေးမှုမပြီးမချင်း ဘာမှအသိပေးဦးမှာ မဟုတ်ပါဘူး။”လို့ Daddy ရဲ့ ပြောရေးဆိုခွင့်ရှိသူက ၄င်းရဲ့ တွစ်တာစာမျက်နှာမှာ ပြောကြားခဲ့ပါတယ်။

Daddy Yankee ဟာ ဥရောပကို ရောက်နေတာဖြစ်ပြီး ၄င်းရဲ့ရှိုးပွဲကို ဆက်လက်ကျင်းပသွားမှာဖြစ်ပါတယ်။