NEWS FLASH:  ဒေါက်တာညိုညိုသင်း၏ တိုင်ကြားစာအပေါ် အရေးယူရန်မရှိဟု အဂတိကော်မရှင် ဆုံးဖြတ်

YOPE ရုပ်/သံ Mizzima English

လူသတ်ပစ္စည်းယူခဲ့သော ကျောင်းအုပ်နှင့်မွေးစားသမီးတို့အား ထောင်ဒဏ်နှစ် ၃ဝ စီကျခံစေရန် အမိန့်ချ

.

(ဓာတ်ပုံ - Yangon Police)

ရန်ကုန်၊ သြဂုတ်လ ၉ ။              ။ ရန်ကုန်၊ သင်္ဃန်းကျွန်းမြို့နယ်၊ စံပြရပ်ကွက်အတွင်း အသက် ၅၃ နှစ်အရွယ် အမျိုးသမီးထံမှ အကြွေးတောင်း မရသဖြင့် ဓားဖြင့်ခုတ်ကာ ဝတ်ဆင်ထားသည့် ရွှေထည်များယူဆောင်သွားခဲ့သော မူလွန်ကျောင်းအုပ် ဆရာမကြီးနှင့် ၎င်း၏ မွေးစားသမီးဖြစ်သူတို့အား ထောင်ဒဏ် နှစ် ၃ဝ စီကျခံစေရန်အပြီး သတ်အမိန့်ချမှတ် လိုက်သည်။

ယနေ့ သြဂုတ်လ ၉ ရက်နေ့၊ ရန်ကုန်အရှေ့ပိုင်းခရိုင်တရားရုံးတွင် ခရိုင်တရားသူကြီးက အပြီးသတ်အမိန့်ချမှတ် လိုက်ခြင်းဖြစ်သည်။ အမှုစစ်ဆေးချက်အရ ပြစ်မှုကျူးလွန်ခဲ့ကြောင်း ပေါ်ပေါက်သဖြင့် မူလွန်ကျောင်းအုပ် ဆရာမကြီးဖြစ်သူ ဒေါ်အေးအေးမော်(ခ) အင်ကြင်းခိုင်နှင့် ၎င်း၏ မွေးစားသမီးဖြစ်သူ မကျော့ကေခိုင်(ခ) ကျော့ဆုပန် (ခ) ချစ်ပုတို့အား ရာဇသတ်ကြီးဥပဒေပုဒ်မ- ၃ဝ၂(၂)အရ အလုပ်နှင့်ထောင်ဒဏ် နှစ် ၂ဝ၊ ပုဒ်မ- ၃၉၂ အရ အလုပ်နှင့် ထောင်ဒဏ် ၁ဝ နှစ်တို့အား သီးခြားကျခံစေရန်အမိန့်ချမှတ်ခဲ့သည်။

ထိုသို့ ​သေဆုံးသူ အမျိုးသမီးထံမှ အ​ကြွေးရစရာရှိသည်​ဟု ထွက်​ဆိုချက်​မှာလည်း လီဆယ်​ထွက်​ဆိုချက်​ဖြစ်​​ကြောင်း စစ်​​ဆေး​ပေါ်​ပေါက်​သဖြင့်​ ယခုကဲ့သို့ ​ထောင်​ဒဏ်​ နှစ်​ ၃ဝ ကျခံ​စေရန်​ အမိန့်​ချခဲ့မှတ်​ခဲ့ခြင်းဖြစ်​​ကြောင်း သိရသည်​။
 

ညီညီလင်းဆိုသူအား ရာဇသတ်ကြီး ဥပဒေပုဒ်မ- ၄၁၄ အရ အလုပ်နှင့် ထောင်ဒဏ် ၃ နှစ်ကျခံစေရန် ခရိုင်တရားသူကြီးက အမိန့်ချမှတ်ခဲ့ခြင်းဖြစ်သည်။

အဆိုပါ အပြီးသတ်အမိန့်ချမှတ်ခဲ့သည့်အမှုအား တရားလို ဦးကျော်ရဲနိုင်က ရန်ကုန်အရှေ့ပိုင်းခရိုင် တရားရုံး တွင် ရာဇသတ်ကြီးဥပဒေပုဒ်မ- ၃ဝ၂၊ ၃၉၄၊ ၁ဝ၉ တို့ဖြင့် ကျောင်းအုပ်ဆရာမကြီး ဒေါ်အေးအေးမော်အပါအဝင် မကျော့ကေခိုင်နှင့် ညီညီလင်းဆိုသူတို့ ၃ ဦးကို တရားစွဲဆိုခဲ့ခြင်းဖြစ်သည်။

ယင်းအမှုမှာ ပြီးခဲ့သည့် ၂ဝ၁၆ ခုနှစ်၊ ဇွန်လ ၂ဝ ရက်နေ့က ဖြစ်ပွားခဲ့ခြင်းဖြစ်ပြီး အသက် ၂၅ နှစ်အရွယ်ရှိ ကိုကျော်ရဲနိုင်က သင်္ဃန်းကျွန်းမြို့နယ်၊ စံပြရပ်ကွက်၊ ၅ လမ်းရှိ နေအိမ် ပထမထပ်သို့   ပြန်လာခဲ့ရာတွင် မိခင်ဖြစ်သူဒေါ်မြဝင်းအား သော့တောင်းရန် ဖုန်းဆက်သွယ်ခဲ့ရာ ဆက်သွယ်၍မရသဖြင့် အိမ်နီးချင်းဖြစ်သူထံမှ သော့တောင်းပြီး နေအိမ်သို့ဝင်ရောက်ခဲ့ကြောင်း သိရသည်။

ထိုသို့ ဝင်ရောက်ခဲ့ရာ ရေချိုးခန်းအတွင်း မိခင်ဖြစ်သူအား ဦးခေါင်းသွေးထွက်ဒဏ်ရာများ၊ မျက်နှာဝဲဘက်ပြတ်ရှ ဒဏ်ရာများဖြင့် သေဆုံးနေကြောင်းတွေ့ရှိခဲ့ရခြင်းဖြစ်သည်။

ထို့ကြောင့် ပြစ်မှုကျူးလွန်သူအား စုံစမ်းအရေးယူပေးရန်အတွက် ဦးကျော်ရဲနိုင်က တရားလိုပြုလုပ်ပြီး သင်္ဃန်းကျွန်းမြို့မရဲစခန်းသို့တိုင်တန်းခဲ့ရာ ရဲစခန်းမှ (ပ) ၅၇၆/၂၀၁၆၊ ရာဇသတ်ကြီးဥပဒေပုဒ်မ -၃ဝ၂ ဖြင့် အမှုဖွင့် စုံစမ်းဆောင်ရွက်ခဲ့သောအမှုဖြစ်သည်။

ရဲတပ်ဖွဲ့မှ အခင်းဖြစ်ပွားသည့်နေရာများအား စုံစမ်းစစ်ဆေးခဲ့ရာမှ အခင်းဖြစ်တိုက်ခန်းပေါ်တွင် ဆူညံသံများ ကြားရပြီး “ဆရာမရယ်မလုပ်ပါနဲ့”ဟု အော်ဟစ်ပြောဆိုသံများ ကြားရကြောင်း၊ ဦးကျော်ရဲနိုင်အား မေးမြန်းခဲ့ရာ ပြီးခဲ့သည့် ၂ဝဝ၇ ခုနှစ်က ကျောင်းဆရာမ ဒေါ်အေးအေးမော်ဆိုသူနှင့် အဆက်အသွယ်ရှိကြောင်းပြောဆိုခဲ့ရာမှ ယင်းအမှုမှ တရားခံများအား   ဖော်ထုတ်ဖမ်းဆီးနိုင်ခဲ့ခြင်းဖြစ်ကြောင်း ရဲတပ်ဖွဲ့မှ သိရသည်။

ဖမ်းဆီးရမိခဲ့သည့် ကျောင်းအုပ်ဆရာမကြီးဒေါ်အေးအေးမော်အပါအဝင် မကျော့ကေခိုင်နှင့် ညီညီလင်းတို့ ထွက်ဆိုချက်အရ ၎င်းတို့ ၃ ဦးက အခင်းဖြစ်ပွားခဲ့သည့် ဇွန်လ ၂ဝ ရက်နေ့က နေအိမ်မှထွက်လာပြီး ကျောင်းအုပ်ဆရာမကြီးက သားမက်ဖြစ်သူ ညီညီလင်းအား စံပြ(၅)လမ်းထိပ်ရှိ လက်ဖက်ရည်ဆိုင်တွင် ထားခဲ့ကာ သမီးဖြစ်သူ မကျော့ကေခိုင်နှင့်အတူ သေဆုံးသူ ဒေါ်ခင်မြဝင်းထံ အကြွေးသွားတောင်းခဲ့သည်ဟု ဆိုသည်။

ဒေါ်ခင်မြဝင်း၏ နေအိမ်တိုက်ခန်းအတွင်း အကြွေး ကျပ် သိန်း ၃ဝ တောင်းခံရာမှ တစ်ဦးနှင့်တစ်ဦး အချေအတင်စကားများပြီး ကျောင်းအုပ်ဆရာမကြီးဒေါ်အေးအေးမော် ဒေါ်မြဝင်းကို စတင်ရိုက်နှက်ခဲ့သဖြင့် ဒေါ်မြဝင်းက ဖုန်းအားသွင်းကြိုးဖြင့် ကျောင်းအုပ်ဆရာမကြီး၏ လည်ပင်းအား ရစ်ပတ်ဆွဲထားခဲ့ကြောင်း ပြီးခဲ့သည့်​ ၂ဝ၁၆ ခုနှစ်​၊ ဇွန်​လက ​ရန်​ကုန်​တိုင်းရဲတပ်​ဖွဲ့၏ သတင်းထုတ်​ပြန်​ချက်​တွင်​ ပါရှိသည်​။

ထို့ကြောင့် သမီးဖြစ်သူ မကျော့ကေခိုင်က ဒေါ်ခင်မြဝင်းအား ဝင်ရောက် ရိုက်နှက်ခဲ့ပြီး ဒေါ်ခင်မြဝင်းက မီးဖိုခန်းရှိ ဓားမအား ယူပြီးခုတ်ရာ မကျော့ကေခိုင်၏ ယာဘက်လက်ချောင်း ဒဏ်ရာများရရှိခဲ့သည်။ ထိုသို့ ဒေါ်ခင်မြဝင်းက လက်အား ဓားမဖြင့်ခုတ်သဖြင့် ကျောင်းအုပ်ဆရာမကြီးက ဒေါ်ခင်မြဝင်းအား ရေချိုးခန်းအတွင်းတွန်းလှဲကာ ပါးနှင့်လည်ပင်းများကို ဓားမဖြင့် ခုတ်ခဲ့ပြီး သမီးဖြစ်သူ မကျော့ကေခိုင်ကလည်း အိမ်ခန်းအတွင်းမှ ခေါင်းအုံးယူကာ ဒေါ်ခင်မြဝင်းအား အသက်ရှုရပ်သည့်အထိ ဖိထားခဲ့သည်။

ထို့နောက် ဒေါ်ခင်မြဝင်း ဝတ်ဆင်ထားသော ရွှေဆွဲကြိုးနှင့် လက်ကောက်(၃)ကွင်းအားဖြုတ်ယူပြီး သားမတ် ဖြစ်သူ ညီညီလင်းအား စံပြ(၅)လမ်းထိပ်ရှိ လက်ဖက်ရည်ဆိုင်မှ   ပြန်ခေါ်ကာ နေအိမ်သို့ ပြန်ခဲ့ခြင်းဖြစ် ကြောင်း သိရသည်။