ဘန်ကောက်ဗုံးခွဲမှု လူနှစ်ဦး ဖမ်းမိထားသော်လည်း အဓိကတရားခံက ထွက်မြောက်နေဆဲဖြစ်ဟု ထိုင်းရဲထောက်လှမ်းရေးပြော

ဘန်ကောက်ဗုံးခွဲမှု လူနှစ်ဦး ဖမ်းမိထားသော်လည်း အဓိကတရားခံက ထွက်မြောက်နေဆဲဖြစ်ဟု ထိုင်းရဲထောက်လှမ်းရေးပြော

ဘန်ကောက်၊ စက်တင်ဘာ ၅။ ။ ဘန်ကောက်တွင် ပြီးခဲ့သည့် လအတွင်းက အီရာဝန်ဟိန္ဒူဘုရားကျောင်း ဗုံးဖောက်ခွဲ၍ လူအများအပြားသေဆုံးမှုနှင့် ပတ်သက်ကာ ဖမ်းဆီးရမိထားသူနှစ်ဦးသည် အဓိက တရားခံမဟုတ်ကြောင်း ထိုင်းရဲများက ပြောသည်။

ဘုရားကျောင်း ဗုံးခွဲသူအဖြစ် အဓိကပစ်မှတ်သံသယရှိသူ ပေါက်ကွဲမှုမဖြစ်မီ အချိန်ပိုင်းလေးအတွင်း ထွက်ခွာသွားသူ တီရှပ်အဝါဝတ် ကျောပိုးအိတ်ဖြင့် တရားခံသံသယရှိသူမှာ ထွက်ပြေးလွတ်မြောက်နေဆဲဖြစ်ကြောင်း ပြောသည်။

အဆိုပါ လူပေါင်း ၂၀ သေဆုံးခဲ့သည့် ဗုံးဖောက်ခွဲမှုနှင့် ပတ်သက်ပြီး လက်သည်တရားခံကို မဖော်ထုတ်နိုင်သေးပေ။

သြဂုတ် ၁၇ ရက်က ဖြစ်ပွားခဲ့သော အဆိုပါဗုံးဖောက်ခွဲမှုနှင့် ပတ်သက်သူ နိုင်ငံခြားသားနှစ်ဦးကို ဖမ်းဆီးရမိထားခြင်းဖြစ်သော်လည်း ၎င်းတို့နှစ်ဦးက အဓိကတရားခံဖြစ်ကြဖွယ်မရှိကြောင်းလည်း ရဲက ပြောခဲ့သည်။

Ref: BBC

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly