ပဲရစ်မြို့မှာ လျှောက်လည်နေတဲ့ ဂျနီဖာလောရန့်စ်နဲ့ ကူကီမာရိုနီ

.

သြဂုတ် ၉ ။          ။ နယူးယော့ခ်ကနေ ပဲရစ်ကို အလည်လာကြတဲ့ နာမည်ကြီး ရုပ်ရှင်သရုပ်ဆောင် ဂျနီဖာလောရန့်စ်နဲ့ ရည်းစား ကူကီမာရိုနီတို့ကို ပဲရစ်မြို့မှာ ပြီးခဲ့တဲ့ ဗုဒ္ဓဟူးနေ့က တွေ့ရှိရတာဖြစ်ပါတယ်။

အသက် ၂၇ နှစ်အရွယ် ဂျနီဖာဟာ NYC gallery Gladstone 64 ရဲ့ အနုပညာဒါရိုက်တာ မာရိုနီ (အသက် ၃၃နှစ်) နဲ့ တွဲနေတာ နှစ်လကျော်ပြီလို့ သိရပါတယ်။

“အရင်ရည်းစားတွေနဲ့ဆိုရင် ဂျနီဖာ ဒီလိုမျိုး တစ်ခါမှ မပြုံးဖူးဘူး။ ဂျနီဖာနဲ့ မာရိုနီတို့ကို ကြည့်ရတာ အတွဲလည်းညီတယ်။ သက်တောင့်သက်သာဖြစ်တယ်။” လို့ ပြောရေးဆိုခွင့်ရှိသူတစ်ဦးက PEOPLE ကိုပြောပါတယ်။

မာရိုနီဟာ နယူးယော့ခ်အနုပညာပြခန်း Gladstone 64 ကိုစီမံအုပ်ချုပ်နေတာဖြစ်ပြီး အဆိုပါပြခန်းမှာ ထင်ရှားကျော်ကြားတဲ့ နာမည်ကြီးအနုပညာရှင်တွေရဲ့ အနုပညာလက်ရာတွေကို မြင်တွေ့နိုင်မှာဖြစ်ပါတယ်။