ထိခိုက်ဒဏ်ရာတွေဖြစ်လာတဲ့အခါ ဘယ်လိုပြုစုစောင့်ရှောက်ကြမလဲ

ထိခိုက်ဒဏ်ရာတွေဖြစ်လာတဲ့အခါ ဘယ်လိုပြုစုစောင့်ရှောက်ကြမလဲ

ရေးသားသူ Aye Thi Mon
ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Thurein Hlaing Win

ထိခိုက်ဒဏ်ရာအနာဆိုတဲ့စကားလုံးတွေက ငယ်ငယ်ကတည်းက ခပ်ကင်းကင်းနေလို့ရတဲ့ စကားလုံးတွေမဟုတ်ခဲ့ပါဘူး။ လက်ကိုဓားရှမိတာ၊ အဆူး စူးမိတာလိုမျိုး ထိခိုက်ဒဏ်ရာသေးသေးလေးတွေကနေစလို့ အဆစ်လွဲတာအရိုးကျိုးတာအကြောရောင်တာလိုမျိုး ထိခိုက်ဒဏ်ရာတွေအထိအမျိုးမျိုးကို တွေ့ကြုံရနိုင်ပါတယ်။ လုပ်ငန်းခွင်မှာ၊ ခရီးသွားနေတုန်းမှာ နောက်ဆုံးအိမ်မှာနေရင်းတောင် ထိခိုက်ဒဏ်ရာတွေဖြစ်နိုင်တာဆိုတော့ ဒီလိုထိခိုက်ဒဏ်ရာတွေ ဖြစ်လာခဲ့ရင် ဘယ်လိုမှန်ကန်စွာ ပြုစုကုသရမလဲဆိုတာကိုတော့ သိထားမှဖြစ်မှာပါ။

ထိခိုက်ဒဏ်ရာအမျိုးမျိုးရှိပါတယ်။

မတော်တဆ ဟင်းသီးဟင်းရွက်တွေလှီးရင်း ဓားရှမိတာမျိုး၊ အခြားပြတ်ရှနိုင်တဲ့အရာတွေနဲ့ ထိခိုက်မိရာကနေ အရေပြားမှာ ထိခိုက်ရှနာတွေဖြစ်တာ၊ နေ့စဉ်ချက်ပြုတ်ရင်း ရေနွေးပူလောင်တာ၊ မီးပူတိုက်ရင်း အပူနဲ့ကပ်မိတာ၊ အမှုမဲ့အမှတ်မဲ့ပူနေတဲ့အရာတွေကို အခုအခံမပါဘဲ ကိုင်တွယ်ထိတွေ့မှုတွေကြောင့်ဖြစ်ပေါ်တဲ့ အပူလောင်ဖြစ်တာတွေကနေစလို့ ပြင်းထန်တဲ့လှုပ်ရှားမှုတွေကြောင့်ဖြစ်တဲ့ အဆစ်လွဲတာ၊ ခြေခေါက်တာလိုမျိုး အခန့်မသင့်ဖြစ်တာတွေကြောင့် ကြွက်သားနဲ့ အရွတ်တွေရောင်ရမ်းတာနဲ့ ကြီးကြီးမားမား ထိခိုက်မှုတွေကြောင့် အရိုးကျိုးတာတွေအထိ ဖြစ်နိုင်ပါတယ်။

ဘယ်သူတွေ ထိခိုက်ဒဏ်ရာရနိုင်လဲ။

ဘယ်သူမဆို၊ ဘယ်အသက်အရွယ်မဆို လုပ်ငန်းခွင်တွင်း အလုပ်လုပ်ရင်း၊ အိမ်မှုကိစ္စများပြုလုပ်ရင်း၊ အားကစားလုပ်ရင်း၊ သွားလာရင်း မတော်တဆထိခိုက်ဒဏ်ရာများကို ရရှိနိုင်ပါတယ်။

နည်းလမ်းမှန်မှန်ကန်ကန်နဲ့ ဆေးရုံသို့မသွားမီ အရေးပေါ်ဘယ်လိုပြုစုကုသမှုကိုပြုလုပ်မလဲ။

ဒဏ်ရာအနေအထား၊ ဖြစ်တဲ့နေရာပေါ်မူတည်ပြီး ပြုစုကုသမှုပုံစံက ကွာခြားပါတယ်။ အောက်မှာဖော်ပြထားတာတွေက ထိမိခိုက်မိဖြစ်တဲ့အခါ ပြုလုပ်နိုင်တဲ့ အရေးပေါ် ပြုစုနည်းတွေဖြစ်ပါတယ်။

  • ထိခိုက်ရှနာဖြစ်တဲ့အခါ အရင်ဆုံးအနာကို ရေသန့်သန့်လေးနဲ့ သန့်စင်ဆေးကြောပြီး သွေးတိတ်အောင် အဝတ်စသန့်သန့်လေးနဲ့ အနာပေါ်ကနေ အသာအယာဖိပေးပါ။ ပြီးရင်တော့ antibiotic တစ်ခုခုလူးပေးပြီး ပလာစတာကပ်တာ၊ ပတ်တီးစည်းတာလိုမျိုး အနာကို အကာအကွယ်ဖြစ်စေမယ့် အရာလေးတွေလုပ်ဆောင်ပေးပါ။ အနာမကျက်မချင်း တစ်နေ့ကို နှစ်ကြိမ် အနာကို စစ်ဆေးပေးပါ။ ပလာစတာလဲတာ၊ ပတ်တီးလဲပေးတာမျိုးလုပ်ပေးပါ။
  • အပူလောင်တဲ့အခါ အပူလောင်သွားတဲ့နေရာကို ရေအေးအေးနဲ့ချက်ချင်းဆေးချပါ။ ပြီးရင် ရေအေးအေးထဲမှာ ခဏစိမ်ထားပေးပါ။ ပူလောင်နာကျင်မှုတွေ မသက်သာမချင်း အနာပေါ်မှာ တဘက်စသန့်သန့်ကို ရေအေးအေးလေးစွတ်ပြီး ကပ်ထားပေးပါ။ ပြီးရင်တော့ အပူလောင်နာအတွက် အသုံးပြုတဲ့ ဆေးတစ်မျိုးမျိုးလိမ်းပေးပါ။ ရည်ကြည်ဖုထလာနိုင်ပြီး ရေကြည်ဖုလေးတွေကို မဖောက်ပါနဲ့။ တစ်နေ့ နှစ်ကြိမ် ဆေးလူးပေးပါ။ အနာမကျက်မချင်း အနာကို ပလာစတာ၊ပတ်တီးနဲ့ ကာကွယ်ထားပေးဖို့ မမေ့ပါနဲ့။
  • အဆစ်လွဲတဲ့အခါ သက်တောင့်သက်သာလေးနေပြီး ရေနွေးအိတ်ကပ်ပေးတာ၊ ရေခဲကပ်တာမျိုးလုပ်ပေးပါ။ ဆရာဝန်နဲ့ပြသပြီး ထိရောက်တဲ့ကုသမှုခံယူပေးပါ။
  • အရွတ်၊ ကြွက်သားရောင်တဲ့အခါ တတ်နိုင်သမျှ လှုပ်ရှားမှုမလုပ်ဘဲနေပေးပါ။ နာတဲ့နေရာကို ရေခဲကပ်ပေးပါ။ အနားယူပါ။ ထိခိုက်မိတဲ့နေရာကို ကျပ်စည်းပေးပါ။ ဆရာဝန်နဲ့ပြသပြီး ထိရောက်တဲ့ကုသမှုခံယူပေးပါ။
  • အရိုးကျိုးတဲ့အခါ ကျပ်စည်းပါ။ အမြန်ဆုံး ဆရာဝန်နဲ့ အမြန်ဆုံးပြသပြီး ကုသမှုခံယူပါ။ အရိုးပြန်မဆက်မချင်း အနားယူပေးပါ။ လှုပ်ရှားမှုမလုပ်ပါနဲ့။ အရိုးပြန်ဆက်သွားပြီဆိုရင် ဖြည်းဖြည်းချင်းလှုပ်ရှားမှုလုပ်ပေးပါ။ ကိုယ်ခန္ဓာပြန်လည်ကျန်းမာသန်စွမ်းရေးဆိုင်ရာ လေ့ကျင့်ခန်းများကို ဆရာဝန်ညွှန်ကြားမှုနှင့်ပြုလုပ်ပါ။

အရိုးထိခိုက်ဒဏ်ရာတွေ ခွဲစိတ်ပြီးတဲ့အခါမှာ ဘာကြောင့် လေ့ကျင့်ရေးနှင့် ပြန်လည်သန်စွမ်းရေး လုပ်ငန်းစဉ် လုပ်ဖို့ လိုအပ်တာလဲ။

မတော်တဆဖြစ်တဲ့ ထိခိုက်ဒဏ်ရာက အသေးအဖွဲဆိုရင်တော့ အလွယ်တကူပဲ မြန်မြန်ဆန်ဆန်ကောင်းသွားပါလိမ့်မယ်။ ဒါပေမယ့် အရိုးအကြောနဲ့ အရွတ်တွေ၊ အဆစ်အမြစ်တွေ ထိခိုက်ဒဏ်ရာရတာမျိုးဆိုရင်တော့ ပြုစုကုသမှုတွေအပြင် လေ့ကျင့်ရေးနှင့် ပြန်လည်သန်စွမ်းရေး လုပ်ငန်းစဉ်တွေပါ ပြုလုပ်ဖို့လိုအပ်ပါတယ်။ မှန်ကန်ကောင်းမွန်တဲ့  စောင့်ရှောက်မှုခံယူခြင်းက အမြန်ဆုံး ပြန်လည်သန်စွမ်းလာအောင်၊ ဘေးအကူအညီမပါဘဲ ကိုယ့်ဘာသာ အမြန်ဆုံးရပ်တည်လာနိုင်အောင်၊ ထိခိုက်ဒဏ်ရာရထားတဲ့နေရာတွေ ဒီထက်ပိုပြီး ပျက်စီးဆုံးရှုံးမှုတွေမဖြစ်အောင် ကူညီပေးနိုင်ပါတယ်။ ကိုယ့်ရဲ့ ဖြစ်ထားတဲ့ဒဏ်ရာအနေအထားပေါ်မှာမူတည်ပြီး ဘယ်လို လေ့ကျင့်ရေးနှင့် ပြန်လည်သန်စွမ်းရေး လုပ်ငန်းစဉ်တွေ လုပ်ဖို့ လိုအပ်မလဲဆိုတာကို ဆရာဝန်က ညွှန်ကြားပေးပါလိမ့်မယ်။

ထိခိုက်ဒဏ်ရာတွေကနေ အမြန်ဆန်ဆုံးပြန်လည်သက်သာလာစေဖို့အတွက် ဘယ်လိုဆေးရုံမျိုးကို ရွေးချယ်ရမလဲ။

ထိခိုက်ဒဏ်ရာကတော့ ဘယ်သူမှ မဖြစ်ချင်ဘူးပေါ့။ ဒါပေမယ့် ဖြစ်လာတော့လည်း ဘယ်တတ်နိုင်ပါ့မလဲ။ အမြန်အဆန်သက်သာဖို့နဲ့ ကိုယ့်ဘာသာ ပြန်ရပ်တည်နိုင်ဖို့ကိုပဲ အာရုံစိုက်ရတော့မှာပေါ့။ ဒီအတွက် အကောင်းဆုံးနေရာကို ရွေးချယ်နိုင်ဖို့ ပိုအရေးကြီးပါတယ်။ သင့်တော်ကောင်းမွန်တဲ့ ပြုစုကုသမှုတွေနဲ့ လေ့ကျင့်ရေးနှင့် ပြန်လည်သန်စွမ်းရေး လုပ်ငန်းစဉ်တွေက ထိခိုက်ဒဏ်ရာကနေ အမြန်ဆုံးပြန်လည်ကောင်းမွန်လာစေဖို့အတွက် အဓိကဖြစ်ပါတယ်။ ဒီအတွက် အကောင်းဆုံးနေရာအဖြစ် ပန်းလှိုင်စီလုံဆေးရုံကို ရွေးချယ်သင့်ပါတယ်။

ဘာကြောင့် ပန်းလှိုင်စီလုံကို ရွေးချယ်သင့်တာလဲ။

၂၄နာရီပတ်လုံး ချက်ခြင်း အရေးပေါ် ကုသစောင့်ရှောက်မှုတွေ ပြုလုပ်ဖို့ စီစဉ်ထားရှိတယ် – ရည်ရွယ်ချက်ကတော့ အချို့ထိခိုက်ဒဏ်ရာတွေဟာ အချိန်တိုအတွင်း လိုအပ်တဲ့ကုသမှုတွေကို အမြန်အဆန်ပေးနိုင်မယ်ဆိုရင် အကျိုးအများကြီးရှိနိုင်တယ်။ ဥပမာ အဆစ်လွဲမှုတွေ၊ အရိုးကျိုးမှုတွေ၊ အထူးသဖြင့် ပိုးမွှားတွေဝင်ရောက်နိုင်တဲ့ ပြတ်ရှဒဏ်ရာတွေ၊ အပေါ်ယံအရေပြားပေါက်ထွက်သွားတဲ့ အရိုးကျိုးဒဏ်ရာတွေမှာဆိုရင် ဒဏ်ရာကနေ နောက်ထပ်ဆိုးကျိုးတွေထပ်မဖြစ်နိုင်အောင်လို့၊ အဖိုးတန်ကိုယ်လက်အင်္ဂါတွေမဆုံးရှုံးသွားရစေဖို့၊ အမြန်အဆန်ပြန်လည်ကောင်းမွန်ဖို့ဆိုတာတွေက ချက်ခြင်းကုသမှုပြုလုပ်တာ၊ မလုပ်တာနဲ့ အများကြီးသက်ဆိုင်ပါတယ်။ ဒီအတွက် ၂၄နာရီ ကုသစောင့်ရှောက်မှုပြုလုပ်ပေးနိုင်တာက အရေးပါခြင်းဖြစ်ပါတယ်။

ဒီဝန်ဆောင်မှုမျိုးပေးနိုင်ဖို့အတွက် ၂၄နာရီပတ်လုံး အရေးပေါ်ကားဝန်ဆောင်မှု၊ ၂၄နာရီ တစ်ပတ်လုံးပိတ်ရက်မရှိတဲ့ ဓာတ်မှန်နှင့်ပုံရိပ်ဖော်ခြင်း၊ ဓာတ်ခွဲစမ်းသပ်ခြင်းစတဲ့ ရောဂါရှာဖွေရေးဝန်ဆောင်မှုတွေ၊ အချိန်ပြည့်စောင့်ရှောက်မှုပေးနိုင်တဲ့ အရိုးအကြောထိခိုက်မှုဆိုင်ရာ ပါရဂူကြီးတွေ၊ မေ့ဆေးအထူးကုဆရာဝန်ကြီးတွေနဲ့ ခွဲစိတ်ခန်းအဖွဲ့၊ အထူးကြပ်မတ်ကုသဆောင်၊ ပစ္စည်းကိရိယာအစုံအလင်ကို အမြဲအဆင်သင့်ထားရှိတာက ထိခိုက်ဒဏ်ရာရရှိတဲ့လူနာကို ချက်ခြင်းကုသမှုပေးနိုင်ပါတယ်။

စုံလင်သော ကုသမှုနဲ့ လေ့ကျင့်ရေးနှင့် ပြန်လည်သန်စွမ်းရေး လုပ်ငန်းစဉ်တွေရှိတယ် – ပန်းလှိုင်စီလုံဆေးရုံရဲ့ လေ့ကျင့်ရေးနှင့် ပြန်လည်သန်စွမ်းရေး လုပ်ငန်းစဉ်မှာ နာကျင်ကိုက်ခဲမှုဝေဒနာ ကာလကြာရှည်ခံစားနေရသူတွေ၊ လေဖြတ်ပြီး ကိုယ်လက်လှုပ်ရှားမှုမရနိုင်တဲ့သူတွေ၊ မွေးရာပါမသန်စွမ်းသူတွေအကုန်လုံးကုသမှုခံယူနိုင်ပါတယ်။ ကုသမှုခံယူတဲ့အခါမှာ အကြောအဆစ်တွေပြန်လည်သန်စွမ်းလာအောင် လေ့ကျင့်ကုသပေးတာ၊ ဦးနှောက်နဲ့အာရုံကြောလုပ်ငန်းစဉ်တွေ ပုံမှန်ပြန်ဖြစ်လာအောင် လေ့ကျင့်ပေးတာ၊ ခြေတုလက်တုတပ်ဖို့ လေ့ကျင့်ပေးတာအစရှိတဲ့ ပြန်လည်သန်စွမ်းရေးကုသမှုအားလုံးကို တစ်နေရာတည်းမှာ ပြုလုပ်နိုင်ပါတယ်။ ဆေးရုံထိ မလာနိုင်တဲ့သူတွေအတွက် အိမ်တိုင်ရာရောက်လေ့ကျင့်ကုသမှုတွေလည်း ပေးတာက ပန်းလှိုင်စီလုံဆေးရုံရဲ့ အားသာချက်ဖြစ်ပါတယ်။ ပန်းလှိုင်စီလုံဆေးရုံမှာပဲ စုံစုံလင်လင်ရှိတဲ့ ခေတ်မီ လေ့ကျင့်ရေးနှင့် ပြန်လည်သန်စွမ်းရေး စက်ကိရိယာတွေကလည်း အမြန်အဆန် ပြန်လည်ကောင်းမွန်စေဖို့ အထောက်အပံ့ဖြစ်မှာပါ။

ဒီလို ၂၄နာရီရှိတဲ့ ထိခိုက်ဒဏ်ရာ ကုသမှုနဲ့ ပြန်လည်သန်စွမ်းရေးတို့အပြင် တခြားသောအရိုးအကြောအဆစ်ရောဂါတွေဖြစ်တဲ့ အရိုးခွဲစိတ်ကုသတာ၊ အစားထိုးတာ၊ ကျောရိုးဆိုင်ရာပြဿနာများကို ကုသမှုတွေ၊ အဆင့်မြင့်ခွဲစိတ်ကုသမှုတွေကိုလည်း ပန်းလှိုင်စီလုံဆေးရုံကြီးမှာ တစ်နေရာတည်းမှာ သင့်တင့်မျှတသောဈေးနှုန်းနဲ့ သက်တောင့်သက်သာ ထိရောက်စွာ ကုသမှုခံယူနိုင်ပါတယ်။

ဤဆောင်းပါးကို Mizzima ၏ မိတ်ဘက် ကျန်းမာရေးနှင့် ဆေးပညာဝက်ဘ်ဆိုဒ် hellosayarwon.com မှ ကူးယူဖော်ပြပါသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly