ရိုးရှင်းစွာ စေ့စပ်လိုက်သည့် အဆိုတော် အယ်လီဂေါင်းလ်ဒင်း

ရိုးရှင်းစွာ စေ့စပ်လိုက်သည့် အဆိုတော် အယ်လီဂေါင်းလ်ဒင်း

 

သြဂုတ် ၈ ။          ။ အသက် ၃၁ နှစ်အရွယ် ဗြိတိသျှအဆိုတော် အယ်လီဂေါင်းလ်ဒင်းနဲ့ ရည်းစားဖြစ်သူ ကက်စပါဂျော့ဘလင်တို့ဟာ ၎င်းတို့ရဲ့စေ့စပ်ပွဲကို ပြီးခဲ့တဲ့အင်္ဂါနေ့ (သြဂုတ်လ၊ ၇ ရက်)ထုတ် The Times ဗြိတိသျှသတင်းစာထဲမှာ ကြေညာခဲ့တာဖြစ်ပါတယ်။

အယ်လီ (နာမည်ရင်း-အလီနာ)ဟာ နယူးယော့ခ်စီးပွားရေးလုပ်ငန်းရှင် ကက်စပါနဲ့ တွဲလာတာ ၁၈ လရှိပြီလို့ သိရပါတယ်။

ကက်စပါဟာ မင်းသားဟယ်ရီနဲ့ မင်းသားဝီလီယမ်တို့တက်ခဲ့တဲ့ အေတန်ကောလိပ်မှာပဲ ကျောင်းပြီးခဲ့တာဖြစ်ပါတယ်။ အေတန်ကောလိပ်မတက်ခင် ဟားဗတ်တက္ကသိုလ်မှာ အနုပညာ၊ ဗိသုကာနဲ့ ရုပ်ရှင်ပညာရပ်တွေကို လေ့လာခဲ့တာဖြစ်ပါတယ်။

အခုလက်ရှိမှာတော့ ကက်စပါဟာ Sotheby’s ကုမ္ပဏီ၊ နယူးယော့ခ်ရုံးခွဲမှာ စီးပွားစီမံခန့်ခွဲမှုအပိုင်းကို တာဝန်ယူဆောင်ရွက်နေတာဖြစ်ပါတယ်။

လက်ရှိအချိန်မှာ အယ်လီဟာ ၎င်းရဲ့စတုတ္ထမြောက်သီချင်းအယ်လ်ဘမ်အတွက် လန်ဒန်မှာ အသံသွင်းလျက်ရှိပြီး တောင်ကိုရီးယားကို နောက်လမှာ သွားရောက်ဖျော်ဖြေဖို့ ပြင်ဆင်လျက်ရှိတယ်လို့ သိရပါတယ်။

အယ်လီနဲ့ ကက်စပါတို့ ဘယ်အချိန်မင်္ဂလာဆောင်မလဲဆိုတာကို မသိရသေးဘူးလို့ PEOPLE ကပြောပါတယ်။
 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly