အပေါင်ပစ္စည်းမလိုဘဲ ငွေချေးနိုင်မည့် New Version Credit Guarantee

အပေါင်ပစ္စည်းမလိုဘဲ ငွေချေးနိုင်မည့် New Version Credit Guarantee

ရန်ကုန်၊ စက်တင်ဘာ ၅ ။ ။ အသေးစားနှင့် အလတ်စားလုပ်ငန်းရှင်များအနေဖြင့် အပေါင်ပစ္စည်းမလိုဘဲ ဘဏ်မှငွေချေးနိုင်တော့ မည်ဟု ဘဏ္ဍာရေး ဒုတိယဝန်ကြီး ဒေါက်တာမောင်မောင်သိမ်းက ပြောသည်။

အပေါင်ပစ္စည်းမလိုဘဲ ငွေချေးနိုင်ရန် စီစဉ်ထားသည့် New Version Credit Guarantee နှင့်ပတ်သက်၍ စက်တင်ဘာ ၄ ရက်ကပြုလုပ်သည့် ရန်ကုန်မြို့ မြန်မာ့အာမခံလုပ်ငန်းရုံးချုပ် သတင်းစာရှင်းပွဲ၌ ပြောဆိုခြင်းဖြစ်သည်။

ကြွေးမြီအာမခံ Credit Guarantee Insurance သည် အပေါင်ပစ္စည်းသဘောဖြစ်၍ အသေးစားနှင့် အလတ်စားလုပ်ငန်းရှင်များငွေချေးရာတွင် စိတ်ချရကြောင်း၊ အပေါင်ပစ္စည်းမရှိသော်လည်း လူနှင့် လုပ်ငန်းကောင်းလျှင် Credit Guarantee Insurance ဝယ်ယူ၍ ငွေချေးနိုင်မည်ဟုဆိုသည်။

လိုအပ်သည့်ငွေကြေးအား အပေါင်ပစ္စည်းသို့မဟုတ် အပေါင်ပစ္စည်းမပါဘဲ အာမခံအကာအကွယ်ဖြင့် ဘဏ်ချေးငွေရယူနိုင်မည့် အစီအစဉ်ဖြစ်သည်။

အပေါင်ပစ္စည်းရှိသော်လည်း တန်ဖိုးနည်းနေလျှင် ယခုအာမခံကို ဝယ်ယူ ငွေချေးနိုင်မည်ဖြစ်ကာ ပရီမီယံကို ဝယ်ယူသူကပေးရမည်ဖြစ်ပြီး ပရီမီယံနှုန်းမှာလည်း အများဆုံး ၃ ရာခိုင်နှုန်းမှ ၂ ရာခိုင်နှုန်း သာဖြစ်သည်။

Ref; moi

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly