ပြင်းအား ရ ကျော်တဲ့ အင်ဒိုနီးရှား ငလျင်မှာ လူ ၃၀ ကျော် သေဆုံး

ပြင်းအား ရ ကျော်တဲ့ အင်ဒိုနီးရှား ငလျင်မှာ လူ ၃၀ ကျော် သေဆုံး

 

ဂျကာတာ၊ သြဂုတ် ၆ ။             ။ အင်ဒိုနီးရှားနိုင်ငံမှာ ပြင်းအား ရစ်ချ်တာစကေး ၇ အဆင့်ရှိတဲ့ ငလျင် လှုပ်သွားခဲ့ရာမှာ သေဆုံးသူပေါင်း ၃၇ ဦး ရှိကြောင်း အရေးပေါ် စီမံခန့်ခွဲရေးဌာန တာဝန်ရှိသူတွေက သြဂုတ် ၅ ရက်မှာ ပြောပါတယ်။

လွမ်ဘော့မြို့မှာ လှုပ်ခဲ့တဲ့ ဒီငလျင်ကြောင့် ပျက်စီးဆုံးရှုံးမှုတွေလည်း ရှိခဲ့ပါတယ်။ သေဆုံးသူအများစုဟာ အဆောက်အအုံ တိုက်ခန်းအိမ်ရာတွေ ပြိုကျရာက သေဆုံးရခြင်း ဖြစ်ပါတယ်။

တစ်ချို့သော သေဆုံးသူတွေကတော့ ဒဏ်ရာပြင်းထန်လို့ ဆေးရုံပေါ်မှာ သေဆုံးရတာဖြစ်ကြောင်း အမျိုးသားသဘာဝဘေး စီမံခန့်ခွဲရေး အေဂျင်စီ BNPB ရဲ့ ဌာနေအကြီးအကဲ မိုဟာမတ်ရမ်းက ပြောပါတယ်။

လွမ်ဘော့မှာ ငလျင်လှုပ်ပြီး လူပေါင်း ၁၆ ဦး သေဆုံးလို့ ဒဏ်ရာရသူပေါင်း ၃၅၅ ဦး ရှိခဲ့ပြီးနောက်မှာ လိုလန်မြို့အနီး မြေအောက်အနက် ခြောက်မိုင်အနက်မှာ ဗဟိုပြုလို့ ငလျင်ထပ်လှုပ်တာ ဖြစ်ပါတယ်။

သြဂုတ် ၅ ရက်အထိ အသေအဆုံးအရေအတွက်ဟာ များပြားခဲ့ပြီး ၁၆ ဦး သေဆုံးခဲ့တာ ဖြစ်ပါတယ်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly