ဒေါ်လာစျေးတည်ငြိမ်ရန် ပြင်ပငွေကြေး စျေးကစားမှုကို ထိန်းကျောင်းရန်လိုအပ်

ဒေါ်လာစျေးတည်ငြိမ်ရန် ပြင်ပငွေကြေး စျေးကစားမှုကို ထိန်းကျောင်းရန်လိုအပ်
ဓာတ်ပုံ-AFP
 

သြဂုတ် ၄။ ။ အမေရိကန်ဒေါ်လာဈေးနှုန်းတည်ငြိမ်ရန် တရားမဝင်ဒေါ်လာ ဈေးကွက်၏ ဈေးနှုန်းကစားခြင်းများကို ထိန်းကျောင်း ရန်လိုအပ်ကြောင်း ကမ္ဘောဇဘဏ်မှ အကြီးတန်းအကြံပေး ဦးသန်းလွင် ကပြောသည်။

"ပြင်ပမှာရှိတဲ့ဈေးကွက်ပေါ့။ တရားမဝင်ဈေးကွက်ပေါ့။ တရားမဝင်ဈေးကွက်ကိုလည်းအထင်သေးလို့ မရဘူး။ အန်ကယ်တွက်မိသလောက်ဆို တစ်နှစ်ကို ဒေါ်လာ ၅ဘီလီယံလောက်ရှိတယ်။ ဒီဈေးကွက်ကြီးက ကြီးစိုးနေ တော့ ဗဟိုဘဏ်ကလည်းဒီဈေးကွက်နောက်လိုက်နေရတာဘဲ ရှင်းရှင်းပြောရင် ဈေးကွက်ကလှုပ်ရှားပြီး နိုင်ငံ ခြားမှာ ဒေါ်လာဈေးတက်တာနဲ့ ဒီတိုင်းပြည်မှာ ကျပ်ငွေတက်တာက ပိုများနေတယ်။ ပိုများနေတာက ဒီဈေးကွက်က လှုပ်ရှားနေတယ်။ သူကဈေးကစားနေတယ်။ လူတွေကလန့်ပြီးတော့ ဒေါ်လာတွေဝယ်တော့ ဈေးတွေတက်တယ်။ မလိုအပ်ဘဲလိုက်ဝယ်တော့ ဈေးကတက်ရော။ ဒါကြောင့် ဒီဈေးကွက်ကြီးကို ထိန်း ကျောင်းဖို့လိုတယ်" ဟု ဦးသန်းလွင် ကပြောသည်။

ပြည်တွင်း၌ အမေရိကန်ဒေါ်လာဈေးနှုန်းသည် ဇွန်လမှ စတင်ကာ ဈေးနှုန်းမတည်ငြိမ်မှုများဖြစ်ပေါ်ခဲ့ပြီး ဈေးနှုန်း အတက်အကျ မြန်ဆန်မှုများလည်း ဖြစ်ပေါ်လျှက်ရှိသည်။ နိုင်ငံခြားရင်းနှီးမြုပ်နှံမှုများ ပြည်တွင်းသို့ ဝင်ရောက်လာစေရန် ငွေကြေးလဲလှယ်မှုနှုန်းများတည်ငြိမ်ရန်လိုအပ်ပြီး ဥပဒေများလည်း ခိုင်မာမှုရှိအောင် ဆောင်ရွက်သွားရန်လိုအပ်ကြောင်း သိရသည်။

"ထိန်းရမယ်။ ငွေလဲလှယ်နှုန်းတွေ လုပ်နေတာတွေကို ဖမ်းရမယ်။ ငွေတွေကို Circulate လုပ်နေတာဖမ်းရမယ်။ Transition Demand ကိုသိပ်ဂရုမစိုက်ကြဘူး။ Transition Demand ကို ဂရုစိုက်ရမယ်" ဟု ဘောဂဗေဒပညာ ရှင် ဒေါက်တာဦးမြင့်ကပြောသည်။

ဒေါ်လာဈေးမြင့်တက်မှုများကြောင့် ပို့ကုန်၊ သွင်းကုန်လုပ်ငန်းများတွင် အများဆုံးအကျိုးသက်ရောက် မှုများ ရှိနိုင်ပြီး ငွေဈေးနှုန်းများ အတက်ကြမ်း၊ အဆင်းကြမ်းဖြစ်နေလျှင် ပြည်တွင်းစီးပွားရေးကို ထိခိုက်မှုများရှိနိုင် ကြောင်း သိရသည်။

အမေရိကန်ဒေါ်လာနှင့် မြန်မာကျပ်ငွေလဲလှယ်နှုန်းသည် ၂၀၁၆ ကုန်ခါနီးတွင် အမေရိကန် တစ်ဒေါ်လာလျှင် မြန်မာကျပ်ငွေ ၁,၄၄၄ ကျပ်အထိ မြင့်တက်ခဲ့ဖူးပြီးနောက် ဒေါ်လာတန်ဖိုး ပြန်လည်ကျဆင်းကာ ၂၀၁၇ ခုနှစ် တစ်နှစ်လုံးနှင့် ၂၀၁၈ ဇွန်လလယ်အထိ ကန်တစ်ဒေါ်လာလျှင် ကျပ်ငွေ ၁,၃၅၀ ဝန်းကျင်ဖြင့် ဈေးအပြောင်း အလဲ ရှိခဲ့သည်။

သြဂုတ် ၃ ရက်ပေါက်ဈေးများအရ အမေရိကန်တစ်ဒေါ်လာလျှင် ၁၄၃၁ကျပ် ပေါက်ဈေးရှိနေကြောင်း မြန်မာနိုင်ငံတော် ဗဟိုဘဏ်၏ ထုတ်ပြန်ချက်များအရ သိရသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly