ကားအပိုပစ္စည်းများမရှိ၍ ဗင်နီဇွဲလားဘတ်စ်ကားသမားများ ဆန္ဒပြ

ကားအပိုပစ္စည်းများမရှိ၍ ဗင်နီဇွဲလားဘတ်စ်ကားသမားများ ဆန္ဒပြ

သြဂုတ် ၄ ။            ။ ကားအပိုပစ္စည်းများ လုံလောက်စွာမရှိတဲ့အတွက် ပြီးခဲ့တဲ့သောကြာနေ့မှာ Caracas ပြည်နယ်ရှိ ပို့ဆောင်ရေးဝန်ကြီးဌာနရှေ့မှာ ကားများတန်းစီရပ်ထားပြီး ဗင်နီဇွဲလားဘတ်စ်ကားသမားများ ဆန္ဒပြခဲ့ကြတာဖြစ်ပါတယ်။

အဆိုပါဆန္ဒပြသူတွေဟာ ဝန်ကြီးဌာနကို လိုအပ်တာတွေ သွားတောင်းဆိုချိန်မှာ စုတ်ပြတ်နေတဲ့ ကားအပိုပစ္စည်းတွေကိုပါ ယူဆောင်သွားခဲ့ကြတယ်လို့ သိရပါတယ်။

“ကျွန်တော်တို့မှာ ပြီးခဲ့တဲ့ ၈ လ၊ တစ်နှစ်လောက်ကတည်းက ပျက်နေတဲ့ ကားအပိုပစ္စည်းတွေရှိတယ်။ တာယာအပိုတောင် မရှိဘူးဗျာ။ ဒါဒီမှာကြုံနေရတဲ့အဖြစ်အပျက်ပဲ။”လို့ ကားသမားတစ်ဦးက သတင်းထောက်တွေကို ပြောပါတယ်။

ပို့ဆောင်ရေးဝန်ကြီး Hipolito Abreu ကို အခြေအနေတွေသွားတင်ပြတဲ့ ဘတ်စ်ကားသမား Colmenares ကတော့ ဆက်ပြီးဆန္ဒပြသွားမှာပါလို့ ပြောပါတယ်။

“ကျွန်တော်တို့လုပ်ရမှာအများကြီးပဲ။ Caracas ဘတ်စ်ကားအစီးရေ ၁၀၀၀၀ မှာ ၁၀၀၀ ပဲမောင်းလို့ရတာ။”လို့ Cardcas ပြည်နယ်၊ အနောက်တောင်ပိုင်းရဲ့ ပို့ဆောင်ရေးအကြီးအကဲ Jimenez ကပြောပါတယ်။

ဗင်နီဇွဲလားနိုင်ငံမှာ ငွေကြေးဖောင်းပွနေတဲ့အတွက် စားနပ်ရိက္ခာရှားပါးမှု၊ ကုန်ဈေးနှုန်းတက်မှုနဲ့ ပို့ဆောင်ဆက်သွယ်ရေးကဏ္ဍကျဆင်းမှုတို့နဲ့ ကြုံတွေ့နေရတာဖြစ်ပါတယ်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly