မက္ကဆီကိုမိုင်းတွင်း၌ မြေပြိုရာ လူ၄ဦးသေဆုံး

မက္ကဆီကိုမိုင်းတွင်း၌ မြေပြိုရာ လူ၄ဦးသေဆုံး

သြဂုတ် ၄ ။         ။ မက္ကဆီကိုနိုင်ငံ Hidalgo ပြည်နယ်ရှိ မိုင်းတွင်းမှာ မြေပြိုကျခဲ့တဲ့အတွက် လူ၄ယောက်သေဆုံးခဲ့ပြီး တစ်ယောက်ပျောက်ဆုံးနေတယ်လို့ အာဏာပိုင်တွေက ပြီးခဲ့တဲ့သောကြာနေ့မှာ ထုတ်ပြန်ထားပါတယ်။

ပြီးခဲ့တဲ့ကြာသာပတေးနေ့မှာ လူ၄ယောက်စီးနင်းလာတဲ့ ထရပ်ကားတစ်စီးနဲ့ Dengantzha မိုင်းတွင်းနားက ကျောက်ဆောင်နဲ့ ဝင်တိုက်မိပြီး မြေပြိုကျလာတာဖြစ်ပါတယ်။

အရေးပေါ်ကယ်ဆယ်ရေးအဖွဲ့က သိုးကျောင်းသမားတစ်ယောက်ကို ကယ်တင်နိုင်ခဲ့တယ်လို့ အာဏာပိုင်တွေက ဆက်ပြောပါတယ်။

ပြီးခဲ့တဲ့သောကြာနေ့မှာတော့ အလောင်း၄လောင်းကို ရှာဖွေနိုင်ခဲ့ပေမယ့် ကျန်တစ်ယောက်ကိုတော့ ဆက်လက်ရှာဖွေလျက်ရှိတယ်လို့ သိရပါတယ်။

မိုင်းတွင်းနားမှာ ပြိုကျလာတဲ့ ကျောက်ခဲတွေကို ဖယ်ရှားဖို့ စက်တွေကိုလည်း Hidalgo ပြည်နယ်အစိုးရက ပို့ပေးခဲ့တာဖြစ်ပါတယ်။

အဆိုပါဖြစ်ရပ်အတွက် စိတ်မကောင်းဖြစ်မိကြောင်း၊ မိုင်းတွင်းလုပ်သားတွေနဲ့ မိသားစုတွေကို ကာကွယ်ပေးသွားမှာဖြစ်ကြောင်း Hidalgo ပြည်နယ်အစိုးရ Omar Fayad ကပြောခဲ့ပါတယ်။

Dengantzha မိုင်းတွင်းကနေ ကယ်စီယမ်ကာဗွန်နိတ်နဲ့ ထုံးတွေ တူးဖော်ရရှိနေတာဖြစ်ပါတယ်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly

Tags