မသန်စွမ်းကလေးငယ်တွေကို သွားရောက်လှူဒါန်းခဲ့တဲ့ သင်ဇာဝင့်ကျော်

မသန်စွမ်းကလေးငယ်တွေကို သွားရောက်လှူဒါန်းခဲ့တဲ့ သင်ဇာဝင့်ကျော်

ရန်ကုန်၊သြဂုတ် ၄ ရက် ။            ။ မသန်စွမ်းကလေးငယ်များကို ပထမဆုံးလှူဖြစ်ခဲ့တယ်ဆိုတဲ့ ရုပ်ရှင်နဲ့ဗီဒီယိုသရုပ်ဆောင် သင်ဇာဝင့်ကျော်က သြဂုတ်လ ၃ ရက်နေ့က ရန်ကုန်မြို့ ကျိုက်ဝိုင်း မသန်စွမ်းကလေးငယ်များ ပြုစုစောင့်ရှောက်ရေးဂေဟာမှာ ငွေကျပ် ၅ သိန်းနဲ့ သောက်ရေသန့်ဘူး ၂၀၀၀ သွားရောက်လှူဒါန်းခဲ့ပါတယ်။

Kanda Holding ရေသန့်ဘူးကုမ္ပဏီကနေ သင်ဇာဝင့်ကျော်ကို သောက်ရေသန့်များ လိုအပ်တဲ့ နေရာတွေမှာ လှူဒါန်းသွားရန် ကမ်းလှမ်းတာလို့ သိရပါတယ်။

" Kande သောက်ရေသန့်က ကမ်းလှမ်းလာလို့ ကြုံကြိုက်သွားလို့ နှစ်ဆပိုပြီး ဝမ်းသာပါတယ်။ နောက် မွေးနေ့ ကျရင်လည်း သင့်ဇာအနေနဲ့ ဒီလိုနေရာမျိုးတွေမှာ ထပ်ပြီးလှူဖြစ်သွားမှာပါ။ ဒီလို ကလေးငယ်တွေကို ကြည့်ရတာ တကယ်စိတ်ထဲလည်းမကောင်းပါဘူး။ လှူဒါန်းဖြစ်လိုက်ရတဲ့ ကျေနပ်ဝမ်းသာမိပါတယ်” လို့ သူက ပြောပါတယ်။

သင်ဇာဝင့်ကျော် ရဲ့ လတ်တလော ရေပန်းစားနေသော ဓာတ်ပုံကို လူမှုကွန်ယက်ရှိ Kande facebook page တွင် post share တစ်ခုတိုင်းကို လှူဒါန်းဖို့ ကမ်းလှမ်းလာတာလည်းဖြစ်တယ်လို့ သိရပါတယ်။ ဒီကမ်းလှမ်းမှုကို ကုသိုလ်ရမယ့်ကိစ္စဖြစ်လို့ လက်ခံသဘောတူခဲ့တာပါ" လို့ ရုပ်ရှင်သရုပ်ဆောင် သင်ဇာဝင့်ကျော် က ဆိုပါတယ်။

“ အခုနောက်ပိုင်း ပရဟိတတွေလုပ်မယ်လို့ စဉ်းစားထားတယ် ။ ကိုယ်အားမယ့် အချိန်လေးကျ တစ်ခါတစ်လေ မနည်းတောင် ရက်ကိုရွှေ့ပြီး တောင်းယူရတာဆိုတော့ အဲဒါကြောင့်မို့လို့ ဒီအားတဲ့ အချိန်လေးမှာ အကျိုးရှိ တာလေးတွေ လုပ်ဖြစ်မှာပါ။ " လို့ သင်ဇာဝင့်ကျော်က ပြောပါတယ်။

အဲဒီ ဂေဟာတွင် ရုပ်ရှင်နှင့်ဗီဒီယိုသရုပ်ဆောင် သင်ဇာဝင့်ကျော်မှာ အလှူငွေ ၅သိန်း ၊Kanda holding ရေသန့်ဘူးကုမ္ပဏီ မှ သောက်ရေသန့် ဘူး ၂ ထောင်နှင့်မုန့်များ လှူဒါန်းခဲ့ပါတယ်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly