ရွှေလွန်းပျံ အမြန်ယာဉ် အမြန်လမ်း မိုင်တိုင် ၂၃၆အနီး တိမ်းမှောက်

ရွှေလွန်းပျံ အမြန်ယာဉ် အမြန်လမ်း မိုင်တိုင် ၂၃၆အနီး တိမ်းမှောက်
ဓာတ်ပုံ-အမြန်လမ်းမကြီးထိန်းသိမ်းပြုပြင်ရေးနှင့် ကြီးကြပ်ရေးအဖွဲ့
 
 

နေပြည်တော်၊ စက်တင်ဘာ ၅ ။ ။ ရန်ကုန်-မန္တလေးအမြန်လမ်းမကြီး မိုင်တိုင်အမှတ် ၂၃၆/၃ နှင့် ၂၃၆/၄ ကြား ရန်ကုန်မှ မန္တလေးသို့ သွားသည့် ရန်ကုန်-တောင်ကြီး-လားရှိုး "ရွှေလွန်းပျံ" Express ခရီးသည်တင်မှန်လုံယာဉ် တိမ်းမှောက်ကာ ခရီးသည် ၁၉ဦး ထိခိုက်ဒဏ်ရာ ရရှိခဲ့သည်ဟု သိရသည်။

ခရီးသည် ၂၈ဦး တင်ဆောင်လာသည့် ရွှေလွန်းပျံယာဉ်သည် ဘေးသို့ တိမ်းမှောက်ခဲ့ခြင်းကြောင့် ယာဉ်ပေါ်ပါရှိသူ ကျား(၁၀)ဦး၊ မ(၉)ဦး၊ စုစုပေါင်း(၁၉)ဦးမှာ မစိုးရိမ်ရသည့် ထိခိုက်ဒဏ်ရာရရှိကာ နေပြည်တော် ကုတင် ၁၀၀၀ ပြည်သူ့ဆေးရုံသို့ ပို့ဆောင်ခဲ့ရသည်ဟု သိရသည်။

 

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly