အားပြင်းမုန်တိုင်းတိုင်ဖွန်မတိုက်ခတ်ခင် ရှန်ဟိုင်း ကြိုတင်ကာကွယ်

အားပြင်းမုန်တိုင်းတိုင်ဖွန်မတိုက်ခတ်ခင် ရှန်ဟိုင်း ကြိုတင်ကာကွယ်

သြဂုတ် ၃ ။            ။ ရှန်ဟိုင်းမြို့တော်မှာ အားပြင်းမုန်တိုင်း တိုင်ဖွန် Jongdari မတိုက်ခတ်ခင် ဒေသခံပြည်သူအယောက် ၈၈၀၀၀ ကို ဘေးလွှတ်ရာ ပြောင်းရွှေ့ထားပြီး လေယာဉ်ခရီးစဉ်ပေါင်း ၁၀၀ ကျော်ကိုလည်း ရပ်ဆိုင်းထားတယ်လို့ သိရပါတယ်။

အားပြင်းမုန်တိုင်းတိုင်ဖွန် Jongdari ဟာ ဒီကနေ့ သောကြာနေ့မှာ ဝင်ရောက်တိုက်ခတ်နိုင်ခြေရှိတယ်လို့ မိုးလေဝသဌာနက သတိပေးထားတာဖြစ်ပါတယ်။

Hongqiao နဲ့ Pudong လေဆိပ်တွေရဲ့ လေယာဉ်ခရီးစဉ် ၁၅၁ ခုကို ရပ်ဆိုင်းထားရတယ်လို့ တရုတ်လေကြောင်းအာဏာပိုင်တွေက ပြောပါတယ်။

Jinshan ၊ Chongming၊ Fengxian နဲ့ Pudong ဒေသတစ်ဝိုက်မှာလည်း အားပြင်းမုန်တိုင်း ဝင်ရောက်တိုက်ခတ်နိုင်တဲ့အတွက် ဒေသခံပြည်သူပေါင်း ၂၂၀၀၀၀ ကို ပြီးခဲ့တဲ့နှစ်ပတ်ကတည်းက ဘေးလွှတ်ရာ ပြောင်းရွှေ့ထားတာဖြစ်ပါတယ်။

ဒေသခံပြည်သူ ၈၈၀၀၀ ကိုတော့ ပြီးခဲ့တဲ့ကြာသာပတေးနေ့က ယာယီတဲတွေမှာ ပြောင်းရွှေ့ပေးထားတယ်လို့ သိရပါတယ်။

မုန်တိုင်းဝင်ရောက်တိုက်ခတ်နိုင်ခြေရှိတဲ့ ဒေသတွေရဲ့ ရေကြောင်းခရီးစဉ်တွေကိုလည်း ဆိုင်းငံ့ထားတာဖြစ်ပါတယ်။

“ပန်းခြံပေါင်း ၁၀၀ ကျော်ကိုလည်း ပိတ်ထားပြီး ကျောင်းသားတွေကိုလည်း ကျောင်းပြင်ပထွက်ဆော့ခွင့် တားမြစ်ထားတယ်။”လို့ အာဏာပိုင်တွေကပြောပါတယ်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly