Miss Myanmar International 2015 အလှမယ် အမရာငြိမ်း ASEAN Explore Quest Malaysia ပွဲသို့ မြန်မာနိုင်ငံ ကိုယ်စားပြုကာ သွားရောက်မည်

Miss Myanmar International 2015 အလှမယ် အမရာငြိမ်း ASEAN Explore Quest Malaysia ပွဲသို့ မြန်မာနိုင်ငံ ကိုယ်စားပြုကာ သွားရောက်မည်

ရန်ကုန်၊ စက်တင်ဘာ ၄ ။ ။ Miss Myanmar International 2015 ရရှိ ထားသည့် အလှမယ် အမရာငြိမ်းသည် မလေးရှားနိုင်ငံတွင် နိုဝင်ဘာလ၌ ကျင်းပမည့် ASEAN Explore Quest Malaysia သို့ မြန်မာနိုင်ငံ ကိုယ်စားပြု အဖြစ် ပါဝင်မည် ဖြစ်သည်။

စက်တင်ဘာ ၄ရက်တွင် ရန်ကုန် မြို့ ပြည်လမ်းရှိ Novotel Hotel ၌ ပြုလုပ်ခဲ့သည့် Miss Myanmar International 2015 winner ၊ 1st runner up ၊ 2nd runner up နှင့် Title ဆုရှင်များ၏ ရှေ့ ဆက် လုပ်ဆောင်ကြမည့် လှုပ်ရှားမှုများ အကြောင်း စာနယ်ဇင်း ရှင်းလင်းပွဲမှ သိရှိရသည်။ စာနယ်ဇင်းရှင်းလင်းပွဲနှင့်အတူ ပြိုင်ပွဲ ဖြစ်မြောက်ရေး ပံ့ပိုး ကူညီကြသည့် ကုမ္ပဏီများကို ကျေးဇူးတင် ဂုဏ်ပြုပွဲကို ကျင်းပ ပြုလုပ်ခဲ့သည်။

Miss Myanmar International 2015 Winner အမရာငြိမ်း ၊ 1st Runner Up သဒ္ဒါမာရိုင်ယာ၊ 2nd Runner Up  ခေါင်နန်း တို့သည် စက်တင်ဘာ ၈ရက်တွင် ဗီယက်နမ် နိုင်ငံ Ho Chi Minh City ၌ ပြုလုပ်မည့် International Travel Expro(ITE 2015) သို့ မြန်မာနိုင်ငံ ခရီးသွား မြှင့်တင်ရေး အတွက် မြန်မာကိုယ်စားပြု သွားရောက်ကြမည် ဖြစ်သည်။

ပြိုင်ပွဲတွင် Miss Myanmar International 2015 Winner အဖြစ် အမရာငြိမ်း မှ ရရှိခဲ့ပြီး 1st Runner Up ကို သဒ္ဒါမာရိုင်ယာ၊ 2nd Runner Up ကို ခေါင်နန်း တို့မှ အသီးသီး ရရှိခဲ့သည်။ Miss popular Award ဆုကို အမရာငြိမ်း မှ ထပ်မံ ရရှိခဲ့ပြီး၊ Miss green Award ကို 3rd Runner Up ရွှေလမင်းအိမ် တို့မှ ရရှိခဲ့ကြသည်။  

"ညီမမှာ လိုအပ်ချက်တွေ ရှိနေပါသေးတယ်။ အဲဒီ အတွက် ညီမ အကောင်းဆုံး ကြိုးစားနေပါတယ်။ Body ပိုင်း နဲ့ ပတ်သက်တာ အပြင် ခရီးသွားနဲ့ ပတ်သက်တာကိုလည်း ပိုပြီး လေ့လာနေတယ်။ Talent Show အတွက်ကိုတော့ ညီမ မြန်မာ အက ကပြဖို့ စီစဉ် ထားပါတယ်" ဟု Miss Myanmar International 2015 အလှမယ် အမရာငြိမ်းမှ ပြောသည်။

Miss Myanmar International 2015 Winner အဖြစ် ရွေးချယ်ခြင်း ခံရသည့် အလှမယ် အမရာငြိမ်းသည် နိုဝင်ဘာလတွင် ဂျပန်နိုင်ငံရှိ Shinagawa Prince Hotel ၌ ကျင်းပ ပြုလုပ်မည့် Miss International Beauty Pageant 2015 ပြိုင်ပွဲကို မြန်မာနိုင်ငံ ကိုယ်စားပြု အဖြစ် ဝင်ရောက် ယှဉ်ပြိုင်ရမည်  ဖြစ်သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly