ဘိုင်ယန််မြူးနစ်မှ ဗီဒယ်ကို ပေါင် ၂၇ သန်းနဲ့ ဘာစီလိုနာအသင်း အပြီးသတ်ခေါ်ယူဖို့ နီးစပ်လာ

ဘိုင်ယန််မြူးနစ်မှ ဗီဒယ်ကို ပေါင် ၂၇ သန်းနဲ့ ဘာစီလိုနာအသင်း အပြီးသတ်ခေါ်ယူဖို့ နီးစပ်လာ

ဘာစီလိုနာအသင်းဟာ ဘိုင်ယန်မြူးနစ်ရဲ့ ကွင်းလယ်လူ အာတူရို ဗီဒယ်ကို ပြောင်းရွှေ့ကြေး ပေါင် ၂၇ သန်းနဲ့ ခေါ်ယူဖို့ ပုဂ္ဂိုလ်ရေးသဘောတူညီမှု ရရှိခဲ့ပြီးနောက် ချီလီကစားသမားကို အပြီးသတ်ခေါ်ယူဖို့ နီးစပ်နေတယ်လို့ သိရပါတယ်။

၂၀၁၅ ခုနှစ်က ဂျူဗင်တပ်စ်အသင်းမှ ဘိုင်ယန်မြူးနစ်အသင်းဆီ ပေါင် ၃၂ သန်းနဲ့ ပြောင်းရွှေ့ခဲ့တဲ့ အသက် ၃၁ နှစ်အရွယ် ကစားသမားဟာ နည်းပြသစ် နီကို ကိုဗက်ချ်ဆီက အသင်းပြောင်းရွှေ့ခွင့် ရခဲ့ပြီးနောက် ပြီးခဲ့တဲ့အပတ်က ကစားသမားဟာ ဘာစီလိုနာအသင်း တာဝန်ရှိသူတွေနဲ့ တွေ့ဆုံခဲ့ပါတယ်။

ဘာစီလိုနာအသင်းဟာ ဒီနွေရာသီ အပြောင်းအရွှေ့ဈေးကွက်မှာ ပြင်သစ်နောက်ခံလူ လန်လက်၊ ဘရာဇီးကစားသမားတွေဖြစ်တဲ့ အာသာနဲ့ မယ်လ်ကွန်တို့တွေအတွက် ပေါင်သန်း ၁၀၀ ကျော် သုံးစွဲနှင့်ပြီးဖြစ်ပါတယ်။

ဒါ့အပြင် ပီအက်စ်ဂျီအသင်းမှ အေဒီယန် ရာဘီယိုရဲ့ အပြောင်းအရွှေ့အတွက် ညှိနှိုင်းနေပါတယ်။ ဒါပေမယ့် ပြင်သစ်ချန်ပီယံအသင်းကတော့ အသက် ၂၃ နှစ်ရှိ ကစားသမားကို ပြောင်းရွှေ့ခွင့်ပြုဖို့ ဆန္ဒမရှိပါဘူး။ ဒါ့ကြောင့် ဘာစီလိုနာအသင်းဟာ ဗီဒယ်ဘက်ကို မြှားဦးလှည့်လာတာဖြစ်ပါတယ်။

ဘာစီလိုနာအသင်းမှ အဓိက ကွင်းလယ်လူ အင်နီယေစတာ ထွက်ခွာခဲ့သလို ကွင်းလယ်လူ ပေါ်လင်ဟိုမှာလည်း တရုတ်ကလပ်ဆီ အငှားနဲ့ ပြန်ပြောင်းရွှေ့ခဲ့တာကြောင့် ဘာစီလိုနာအသင်းဟာ ကွင်းလယ်ကစားသမားသစ်တွေ ထပ်မံဖြည့်တင်းနိုင်အောင် လုပ်ဆောင်နေတာဖြစ်ပါတယ်။

ဗီဒယ်ဟာ ဘာစီလိုနာအသင်းနဲ့ ဆေးစစ်မှုများပြုလုပ်သွားဖွယ်ရှိတယ်လို့ သတင်းတွေက ဖော်ပြပါတယ်။

Ref; The Guardian 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly