စျေးကွက်တန်ဖိုး ဒေါ်လာ ၁ ထရီလီယံ ပြည့်မြောက်တဲ့ ပထမဆုံး အမေရိကန်ကုမ္ပဏီ Apple ဖြစ်လာ

စျေးကွက်တန်ဖိုး ဒေါ်လာ ၁ ထရီလီယံ ပြည့်မြောက်တဲ့ ပထမဆုံး အမေရိကန်ကုမ္ပဏီ Apple ဖြစ်လာ

သြဂုတ် ၃ ။          ။ ထိပ်တန်းနည်းပညာကုမ္ပဏီကြီး Apple ကတော့ ဈေးကွက်တန်ဖိုး အမေရိကန်ဒေါ်လာ တစ် ထရီလီယံ ပြည့်မြောက်တဲ့ ပထမဆုံးသော အမေရိကန် ကုမ္ပဏီ ဖြစ်လာခဲ့ပြီ ဖြစ်ပါတယ်။

iPhone ထုတ်လုပ်သူ ကုမ္ပဏီရဲ့ စတော့ရှယ်ယာတွေဟာ ဒေါ်လာ ၂၀၇ ဒသမ ၀၅ အထိ ဈေးပေါက်ခဲ့ပြီးနောက် ယခုလို သမိုင်းမှတ်တိုင်သစ်ကို စိုက်ထူလိုက်နိုင်တာလည်း ဖြစ်ပါတယ်။

ယင်းကုမ္ပဏီအနေနဲ့ ပြီးခဲ့တဲ့ ရက်ပိုင်းကမှ တတိယသုံးလပတ် ဘဏ္ဍာရေး စာရင်းတွေကို ထုတ်ပြန်ပြီး ရှယ်ယာတန်ဖိုးတွေ တက်ထားစေခဲ့ပါသေးတယ်။

ယင်းရလဒ်တွေအရ ကုမ္ပဏီရဲ့ iPhone ရောင်းအား အနည်းငယ် ကျဆင်းခဲ့သော်ငြား ဝင်ငွေ ရစာရင်းတွေကတော့ Wall Street ရဲ့ မျှော်မှန်းချက်တွေအတိုင်း ပြည့်မီခဲ့ပါတယ်။

လက်ရှိအချိန်မှာ Apple Music ၊ iCloud နဲ့ App Store တို့ကတော့ Apple ရဲ့ အလျင်အမြန် တိုးတက်ကြီးထွားနေတဲ့လုပ်ငန်းတွေထဲမှာ ပါဝင်နေပါတယ်။

ဒါ့အပြင် မကြာမီ လပိုင်းအတွင်း နောက်ထပ် iPhone မော်ဒယ်သစ် တစ်ခုကို ထပ်ထွက်လာဖို့ ရှိနေပါတယ်။ ယင်းအခြေအနေတွေအရ ရှယ်ယာရှင်တွေရဲ့ ကုမ္ပဏီအပေါ် ယုံကြည်မှုကို တိုးပွားစေလျက် ရှိနေပုံ ရပါတယ်။

ယခုလို ရှယ်ယာတန်ဖိုးတွေ တက်ပြီးနောက် အဓိက ပြိုင်ဘက်တွေဖြစ်ကြတဲ့ Microsoft ၊ Amazon နဲ့ Alphabet တို့ကို ကျော်ပြီး Apple က  ဈေးကွက်တန်ဖိုး ဒေါ်လာ တစ် ထရီလီယံပြည့်တဲ့ အမေရိကန်ကုမ္ပဏီ ဖြစ်လာခဲ့တာဖြစ်ပါတယ်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly