ဒဏ်ခတ်ပိတ်ဆို့မှုတွေကြောင့် အမေရိကန်နဲ့ တူရကီအကြား တင်းမာမှု မြင့်တက်

ဒဏ်ခတ်ပိတ်ဆို့မှုတွေကြောင့် အမေရိကန်နဲ့ တူရကီအကြား တင်းမာမှု မြင့်တက်

သြဂုတ် ၂ ။            ။ တူရကီ ဝန်ကြီးနှစ်ဦးအပေါ် အမေရိကန်ဘက်က အရေးယူပိတ်ဆို့မှုတွေ လုပ်လိုက်ပြီးတဲ့နောက် ယခုအခါ နှစ်နိုင်ငံဟာ သံတမန်ပိုင်းဆိုင်ရာ အကျပ်အတည်းတစ်ခုထဲ ကျရောက်လာခဲ့ကြောင်း သိရပါတယ်။

တူရကီ တရားရေးဝန်ကြီးနဲ့ ပြည်ထဲရေးဝန်ကြီးတို့အပေါ် ဝါရှင်တန်ဘက်က ပိတ်ဆို့ အရေးယူမှုတွေ ပြုလုပ်ခဲ့တာဖြစ်ပါတယ်။

အရေးယူပိတ်ဆို့ရတဲ့အကြောင်းရင်းကတော့ အမေရိကန်နိုင်ငံသား သင်းအုပ်ဆရာ အန်ဒရူး ဘရန်ဆန်ကို အကြမ်းဖက်မှု စွဲချက်နဲ့ တူရကီတို့ဘက်က ဖမ်းဆီးထားပြီး ခုချိန်ထိ ပြန်မလွှတ်ဘဲ ဆက်လက်ချုပ်နှောင်ထားတဲ့အတွက်ကြောင့် ဖြစ်တယ်လို့ သိရပါတယ်။

ယင်းလိုမျိုး တူရကီ အဆင့်မြင့်ဝန်ကြီးတွေ ဆန်ရှင်ချခံရတဲ့အပေါ် ပြန်လက်တုန့်ပြန်မယ်လို့ အန်ကာရာဘက်က ပြောပါတယ်။

အန်ဒရူး ဘရန်ဆန်ကို တူရကီတို့က ၂၀၁၆ အောက်တိုဘာမှ စတင်ထိန်းသိမ်းထားခဲ့တာဖြစ်ပြီး ပြီးခဲ့တဲ့အပတ်ကမှ နေအိမ်အကျယ်ချုပ် ပြောင်းထားလိုက်ပြီးတဲ့နောက် နှစ်ဘက်အကြား တင်းမာမှုတွေ မြင့်တက်ထားခဲ့တာ ဖြစ်ပါတယ်။

ယခုလို တူရကီ ဝန်ကြီးနှစ်ဦးကို ဆန်ရှင်ချမှတ်ရာမှာတော့ အမေရိကန်မြေမှာ ၎င်းတို့ ထိန်းသိမ်းထားတဲ့ ပိုင်ဆိုင်မှုတွေကို ထိန်းချုပ်သွားမှာဖြစ်ပြီး ၎င်းတို့နဲ့ စီးပွားရေး ဆက်ဆံဆောင်ရွက်သူတွေကိုပါ အရေးယူသွားမှာဖြစ်တယ်လို့ ဝါရှင်တန်ဘက်က ပြောထားပါတယ်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly

Tags