Apple iPhone အကောင့် ၂၂၅၀၀၀ကျော် အဟက် (hack) ခံခဲ့ရ

Apple iPhone အကောင့် ၂၂၅၀၀၀ကျော် အဟက် (hack) ခံခဲ့ရ

နယူးယောက်၊ စက်တင်ဘာ-၄ ။          ။ အဖျက်ဆော့ဖ်ဝဲ (malware)များကြောင့် ဖြစ်ပွားရသည့် အကြီးမားဆုံး Apple အကောင့်ခိုးဝှက်မှုကို လုံခြုံရေးကုမ္ပဏီ Palo Alto Networks က တရုတ်နည်း ပညာအုပ်စု Weip Tech နှင့်အတူ တွေ့ရှိခဲ့သည်ဟု ဆိုသည်။

iPhone ဖောက်သည်များအတွက် သတင်းကောင်းမှာ KeyRaider ဟု နာမည်ပြောင်ပေးထားသည့် အဖျက်ဆော့ဖ်ဝဲက iOS တားမြစ်ပိတ်ပင်မှုများကို ဖောက်ဖျက်သည့် စည်းကမ်းဖောက် iPhone များကို သာပစ်မှတ် ထားခြင်းပင် ဖြစ်သည်။

စည်းကမ်းဖောက်ခြင်း (Jail-breaking)က iPhone ပိုင်ရှင်များအား လုံခြုံရေးအကြောင်းများကြောင့် တားမြစ်ထားသည့် ဖုန်းဖိုင်စနစ်၏ အစိတ်အပိုင်းများကို ကိုင်တွယ်စီမံနိုင်စေသည်။

KeyRaider မှာ တရုတ် ဝဘ်ဆိုက်နှင့် အသုံးဆော့ဖ်ဝဲများတွင် အများဆုံးတွေ့ရပြီး စည်းကမ်းဖောက် iPhoneများအတွက် ဆော့ဖ်ဝဲများ ထောက်ပံ့ပေးနေသည်။ သို့ရာတွင် အဖျက်ဆော့ဖ်ဝဲမှာ တရုတ်ကို ပင်ကျော်လွန်ပြီး အမေရိကန်ပြည်ထောင်စုအပါအဝင် အခြား ၁၈နိုင်ငံအထိ ပျံ့နှံ့သွားသည်။

KeyRaider အဖျက်ဆော့ဖ်ဝဲ ကူးစက်ခံရသည်နှင့် တပြိုင်နက် စည်းကမ်းဖောက် iPhoneက အကောင့် သုံးစွဲသူနာမည်၊ စကားဝှက်နှင့် iPhone ကိုယ်ရေးအချက်အလက်အပါအဝင် ဖုန်းပိုင်ရှင်၏ iTunes App Store အချက်အလက်များကို ကွန်ပျူတာထွန်းဝိဇ္ဇာ ဟက်ကာများထံသို့ အတားအဆီးမရှိ ပေးပို့တော့မည်ဖြစ်သည်။

ဖုန်းပိုင်ရှင်၏ App Store ဝယ်ယူမှုအချက်အလက်များကိုလည်း ခိုးဝှက်ထားလိုက်သည့်အပြင် စီးနင်းမိပြီဆိုပါက ပြန်လည်ကောင်းမွန်ရန် လုပ်ဆောင်မှုမှန်သမျှကိုလည်း တားဆီးထားမည်ဖြစ်သည်။

ဟက်ကာများက ၎င်းတို့ကိုယ်တိုင် သတင်းအချက်အလက်များကို ခိုးဝှက်ယူသည်သာမက အခြားလူများကိုလည်း ခိုးဝှက်ထားသော သတင်းအချက်အလက်များကို အသုံးချအမြတ် ထုတ်ခွင့်ပြုမည်ဖြစ် သည်။

ဟက်ကာများက ဖုန်းပိုင်ရှင်၏ အကောင့်ကို အသုံးချပြိး အခြားလူများအား iTunes အသုံးဆော့ဖ်ဝဲများကို အခမဲ့ဝယ်ယူစေနိုင်မည့် ဆော့ဖ်ဝဲများကို ဝန်တင်မည်ဖြစ်သည်။ လူပေါင်း ၂၀၀၀နီးပါးမှာ ၎င်းတို့ အား အဖျက်ဆော့ဖ်ဝဲ စီးနင်းခံရသည့် iPhone ပိုင်ရှင် ၂၂၅၀၀၀ထံမှ ခိုးယူနိုင်စေမည့် ဆော့ဖ်ဝဲကို ဆွဲချ (download)ခဲ့ကြသည်ဟု ဆိုသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly

Tags