Allbirds ဖိနပ်ကုမ္ပဏီ၌ Leonardo DiCaprio ရင်းနှီးမြုပ်နှံ

Allbirds ဖိနပ်ကုမ္ပဏီ၌ Leonardo DiCaprio ရင်းနှီးမြုပ်နှံ

သြဂုတ် ၂ ။            ။ ပတ်ဝန်းကျင်ထိန်းသိမ်းရေးဆိုင်ရာကဏ္ဍတွေမှာ ပါဝင်အားဖြည့်လျက်ရှိတဲ့ Leonardo DiCaprio ဟာ Allbirds ဖိနပ်ကုမ္ပဏီမှာ ရင်းနှီးမြုပ်နှံသွားမှာဖြစ်ပါတယ်။

အဆိုပါသတင်းကို Leonardo က ၎င်းရဲ့တွစ်တာစာမျက်နှာမှာ ရေးသားဖော်ပြခဲ့တာဖြစ်ပါတယ်။

“ဒီကုမ္ပဏီနဲ့ လက်တွဲလုပ်ကိုင်ခွင့်ရတဲ့အတွက် ဂုဏ်ယူပါတယ်။”လို့ အသက် ၄၃ နှစ်အရွယ် Leonardo ကပြောပါတယ်။

“Allbirds ဖိနပ်ကုမ္ပဏီက ပတ်ဝန်းကျင်ကို ဘေးအန္တရာယ်မဖြစ်စေတဲ့ ထုတ်ကုန်တွေ ထုတ်လုပ်ပြီး သဘာဝပတ်ဝန်းကျင်ကို ထိန်းသိမ်းတဲ့ စံပြကုမ္ပဏီအနေနဲ့ လုပ်ဆောင်သွားမှာပါ။”လို့ Titanic ဇာတ်လိုက်သရုပ်ဆောင် Leonardo ကဆက်ပြောပါတယ်။

Allbirds ကုမ္ပဏီဟာ ပလတ်စတစ်အစားထိုး ဘရာဇီးကြံချောင်းတွေကိုအသုံးပြုပြီး ဖိနပ်အပါးလေးတွေ ထုတ်လုပ်ထားတာမကြာသေးပါဘူး။

ဒါအပြင် ၎င်းတို့ရဲ့ ရှူးဖိနပ်တွေကိုလည်း သစ်ပင်တွေကရတဲ့ ကုန်ကြမ်းတွေနဲ့ ထုတ်လုပ်ထားတယ်လို့ သိရပါတယ်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly