အာဂျင်တီးနား တိုက်စစ်မှူး ဟီဂူအင်ဟာ ဆေးစစ်ခံယူဖို့အတွက် မီလန်မြို့ကို ရောက်ရှိနေတာကြောင့် ဒီကနေ့မှာ (ကြာသပတေးနေ့) အေစီမီလန်အသင်းနဲ့ စာချုပ်ချုပ်ဆိုရန် မျှော်လင့်ရတယ်လို့ သိရပါတယ်။
အလားတူပဲ နောက်ခံလူ ဘူနုချီဟာလည်း အေစီအသင်းနဲ့ တစ်နှစ်ကြာ လာရောက်ကစားပြီးနောက် အီတလီနောက်ခံလူဟာ တူရင်ကို ပြန်လည်ရောက်ရှိနိုင်တယ်လို့ ဆိုပါတယ်။
အီတလီမီဒီယာတွေကတော့ ဟီဂူအင်ဟာ ဆေးစစ်ခံယူဖို့ မီလန်က ဟိုတယ်တစ်ခုမှာ ရောက်ရှိနေပြီး အသင်းနှစ်သင်းကြားလည်း သဘောတူညီမှု ရရှိနေတယ်လို့ ဖော်ပြကြပါတယ်။
ဟီဂူအင်ဟာ နပိုလီအသင်းနဲ့ စီးရီးအေမှာ စံချိန်တင်သွင်းဂိုး ၃၆ ဂိုး သွင်းယူခဲ့ပြီးနောက် ၂၀၁၆ ခုနှစ်မှာ ဂျူဗီတပ်စ်အသင်းဆီ ယူရို သန်း ၉၀ နဲ့ ပြေင်းရွှေ့ခဲ့သူပါ။
အသက် ၃၀ နှစ်အရွယ် ကစားသမားဟာ ဂျူဗီတပ်စ်အသင်းနဲ့ ၂ ရာသီဖြတ်သန်းခဲ့ရာမှာ ပြိုင်ပွဲစုံ ၁၀၅ ပွဲ ကစားခဲ့ပြီး ၅၅ သွင်းယူပေးခဲ့ပါတယ်။ ဆုဖလားအနေနဲပတော့ စီရီးအေဖလားနဲ့ ကိုပါအီတလီဖလားတွေကို ဆွတ်ခူးခဲ့ပါတယ်။
Ref; News.com.au