Miss ပြိုင်ပွဲကို တစ်ကျော့ပြန် ၀င်ရောက်လာတဲ့ အလှမယ် ရွှေအိမ်စည်

Miss ပြိုင်ပွဲကို တစ်ကျော့ပြန် ၀င်ရောက်လာတဲ့ အလှမယ် ရွှေအိမ်စည်

ရန်ကုန်၊သြဂုတ်လ ၂ရက် ။       ။ Miss ပြိုင်ပွဲတွေနဲ့ ဝေးဝေးနေခဲ့တဲ့ အလှမယ်ရွှေအိမ်စည်ဟာ  Miss Golden Land Myanmar Organization က ကြီးမှူးကျင်းပတဲ့ Miss Golden Land Myanmar 2018 ပြိုင်ပွဲမှာ ဝင်ရောက်ယှဉ်ပြိုင်တော့မှာ ဖြစ်ပါတယ်။

Miss Golden Land Myanmar 2018 ပြိုင်ပွဲအတွက် နိုင်ငံကိုယ်စားပြု ပြည်နယ်နှင့်တိုင်းက အလှမယ် အယောက် (၂၀) မိတ်ဆက်ပွဲအခမ်းအနားနဲ့ Miss Golden Land Myanmar Organization ရဲ့ ဥက္ကဋ္ဌအသစ် ခန့်အပ်ပွဲကို သြဂုတ်လ (၁) ရက်နေ့က ရန်ကုန်မြို့ရှိ Sule Shangrila ဟိုတယ်မှာ ကျင်းပပြုလုပ်ခဲ့ပါတယ်။

အလှမယ် အယောက် ၂၀ထဲမှာတော့ Miss ပြိုင်ပွဲတွေနဲ့ ခပ်ဝေးဝေးနေခဲ့တဲ့ ရွှေအိမ်စည်တစ်ယောက် ပါဝင်လာခဲ့ပြီး ရခိုင်ပြည်နယ် ကိုယ်စားပြု အလှမယ်အဖြစ် ဝင်ရောက်ယှဉ်ပြိုင်ခဲ့တာ ဖြစ်ပါတယ်။

 "နောက်ထပ်တစ်နှစ် နှစ်နှစ်လောက်နေပြီးမှ ဝင်ပြိုင်မယ်ဆိုပြီးစဉ်းစားထားတာပေါ့နော်။အခုက ဖန်တွေ ကလည်း ကိုယ်ကိုအားပေးတယ်။ ပြီးတော့ကိုယ်တိုင်လည်း လုပ်သင့်တယ်ထင်တယ်။ ပူပူနွေးနွေးဖြစ်နေတဲ့ အခုလိုအချိန်မှာ ပြိုင်သင့်တယ်ထင်လို့ ဝင်ပြိုင်ခဲ့တာပါ။ ပျော်ပါတယ်။ပျော်တယ်ဆို အားပေးမှုလည်းရတယ်။ ပြီးတော့ အိမ်စည် အနေနဲ့ ကြိုတင်ပြီးပြောထားတာ မရှိဘူး။ မပြိုင်ဘူးလုပ်ပြီးမှ ချက်ချင်းကြီး ပြိုင်ဖြစ်ခဲ့ တယ်။ အရမ်းကိုအားပေးမှုတွေ ဖြစ်တဲ့အတွက်ကြောင့် ပရိသတ်တွေ ကကိုယ်ထပ်ပိုပြီး စိတ်လှုပ်ရှားမှုတွေ ဖြစ်တာကြောင့်လည်း ပျော်ပါတယ်။ "လို့ အလှမယ် ရွှေအိမ်စည်က ပြောပါတယ်။

 Miss Golden Land Myanmar 2018 ပြိုင်ပွဲက Winner ဆုရရှိတဲ့ အလှမယ်အနေနဲ့ ပိုလန်နိုင်ငံမှာ ကျင်းပမယ့် ကမ္ဘာ့အကြီးဆုံး Miss ပြိုင်ပွဲသုံးပွဲ ထဲက Miss Supranational ပြိုင်ပွဲကြီးကို နိုင်ငံကိုယ်စားပြုအနေနဲ့ သွားရောက် ယှဉ်ပြိုင်ရမှာလည်းဖြစ်ပါတယ်။

" လေ့ကျင့်တဲ့ကာလအတွင်းမှာ သူတို့ကို ရုပ်ပိုင်းဆိုင်ရာ စိတ်ပိုင်းဆိုင်ရာ အရည်အသွေးတွေကို လေ့ကျင့်ပေးတယ်။ဒါတွေရဲ့တိုးတက်မှုအပေါ်မှာကြည့်ပြီးတော့ လေ့ကျင့်မှုကာလအတွင်း အမှတ် ပေးစည်းမျဉ်းရဲ့ ၇၀ ရာခိုင်နှုန်းကိုယူပါတယ်။ဖိုင်နယ်လိုက်ပြိုင်ပွဲတွေမှာ Miss ပြိုင်ပွဲတွေရဲ့ အစဉ်လာအတိုင်း ၃၀ရာခိုင်နှုန်းယူမှာဖြစ်ပါတယ်။ ၁၀၀ရာခိုင်နှုန်းပြည့်မှီတဲ့သူကတော့ Winner ဖြစ်မှာပါ။" လို့ Miss Golden Land Organization မှ CEO ဦးဟန်ဇော်လတ် ကပြောသည်။

Miss Golden Land Myanmar 2018 ပြိုင်ပွဲရဲ့ နောက်ဆုံးအဆင့် ပြိုင်ပွဲကို သြဂုတ်လ (၁၄) ရက်နေ့မှာ တော်ဝင်ဂါးဒန်းဟော်တယ်၌ ကျင်းပပြုလုပ်သွားမှာဖြစ်ပါတယ်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly