Huawei Nova 3 ဖုန််းကိုဘာကြောင့်ဝယ်ယူသင့်ပါသလဲ

Huawei Nova 3 ဖုန််းကိုဘာကြောင့်ဝယ်ယူသင့်ပါသလဲ

 

သုံးစွဲသူတွေရဲ့ လိုချင်မှုအပေါ်လိုက်ရင်းယခုထွက်ရှိလာတဲ့ ဖုန်းတွေတော်တော်များများဟာ တစ်သားထဲဆင်တူတွေ ဖြစ်နေကြတာများပါတယ်။ ဒါကအားလုံးတော့မဟုတ်ပါဘူး။ အောင်မြင်မှုနဲ့ ကျရှုံးမှုအပေါ် လျစ်လျှူရှုထားပြီးကိုယ့်လမ်းကြောင်းအတိုင်းရွေးခြယ်ပြီးတီထွင်ချင်သူများလဲရှိပါသေးတယ်။ ဝယ်သင့် မဝယ်သင့် စဉ်းစားရင်းနဲ့ဘဲသုံးစွဲသူတွေ ပိုက်ဆံအိတ်ကိုမှောက်လိုက်ပြီး Huawei က အသစ်ထပ်မံ မိတ်ဆက်လိုက်တဲ့Nova 3 ဖုန်းကိုဘာလို့ဝယ်သင့်သလဲဆိုတော့ ဒီဇိုင်းအနေအထား၊ လည်ပတ်မှု စနစ်တွေနဲ့ တီထွင်ဆန်းသစ်ထားတဲ့ features တွေကြောင့်ပါ။

နောက်ဆုံးပေါ် AI နည်းပညာနဲ့ တည်ဆောက်ထားတဲ့ ကင်မရာ ၄ လုံး နှင့် ကျယ်ပြန့်တဲ့ မျက်နှာပြင်

Huawei Nova 3 ရဲ့ အရှေ့မျက်နှာပြင်မှာ 24MP f/2.0 aperture high resolution ရှိတဲ့ ကင်မရာတစ်လုံးနှင့် 2MP sensor ပါတဲ့ ကင်မရာတစ်လုံးစုစုပေါင်းအရှေ့ကင်မရာနှစ်လုံးပါရှိသည့်အတွက် bokeh effect လို့ခေါ်တဲ့ portrait အလန်းစားတွေကို ကြည်လင်ပြတ်သားစွာရိုက်ကူးနိုင်စေပါတယ်။ ဒါ့အပြင် နောက်ကင်မရာအနေနှင့်လည်း Nova 3 မှာ 24MP monochrome sensor နှင့် 16MP RGB senor ကိုမှ f/1.8 ကျယ်တဲ့ aperture 6p lenses ပါဝင်ပြီး ၆.၃ လက်မရှိတဲ့ မျက်နှာပြင်အကျယ်ရှိတာကြောင့် ဓာတ်ပုံရိုက်ကူးခြင်း ဝါသနာပါတဲ့ စမတ်ဖုန်းကိုင်ဆောင်သူတွေအတွက် အလွန်ပင် အသုံးဝင်တဲ့ ဖုန်းတစ်လုံးဖြစ်ပါတယ်။

AI Super-Resolution Graphics Processing

ကင်မရာနည်းပညာအဟောင်းတွေမှာအသေးစိတ်ရိုက်ကူးမှုတွေအတွက် ခက်ခဲတဲ့ အချိန်တွေ ရှိခဲ့ပါတယ်။ မကြာခဏဆိုသလိုသုံးစွဲသူတွေရဲ့ inner OCD ကိုစိတ်ကိုစနိုးစနှောင့်ဖြစ်တဲ့ dead-zones ဆိုတာရှိပါတယ်. Huawei Nova3 ဟာ NPU’s DNN layer ကိုပုံရဲ့ အစိတ်အပိုင်းတွေဖြစ်တဲ့ထောင့်တွေ၊ အစွန်းတွေ နဲ့ အကွေးတွေကိုအသေးစိတ် ခွဲခြမ်းစိတ်ဖြာဖို့အတွက် အသုံးပြုထားပြီးအစွန်းလေးတွေ ပိုမို sharp ဖြစ်ဖို့အတွက် နှင့် ပုံရိပ်တွေ ကြည်လင်မှုအတွက် parameters တွေကိုအလိုအလျှောက် ထိန်းညှိပေးပါတယ်။

AI Portrait Mode

သုံးစွဲသူတွေဟာ portrait mode ကိုဘယ်လောက်တောင် ကြိုက်နှစ်သက်လဲလို့ စဉ်းစားကြည့်တဲ့အခါ Huawei က Nova 3 အတွက် portrait တွေအများကြီးလေ့လာပြီး design ဆွဲခဲ့ပါတယ်။ NPU အလွှာကိုပုံထွက် ကောင်းစေရန်အတွက် အသားတွေကိုတိတိကျကျမှတ်မိဖို့၊ ပုံဖော်ဖို့၊ အရောင်ပြေး၊ ရောင်တောက်ပဖို့၊ အသားအရောင်နှင့် မျက်နှာအနေအထားအတွက်ပါ အသုံးပြုထားပါတယ်။ ဒါ့အပြင် Huawei Nova 3 က ပိုမိုကောင်းမွန်တယ့် ပုံရိပ်တွေရဖို့အတွက် မျက်နှာကို 3D scan ဖတ်တယ့် system နဲ့ အမျိုးမျိုးသောအခြေအနေတွေ ထည့်သွင်းပေးထားပါတယ်။

480 fps Slow Motion

The 480 fps အနှေးရိုက်ကူးမှုဟာ Huawei Nova 3 ရဲ့ နောက်ထပ်ထင်ရှားမှု တစ်ခု ဖြစ်ပါတယ်။ သုံးစွဲသူတွေဟာအနောက်ဘက် ကင်မရာနဲ့ အနှေး video ရိုက်ကူးမှုတွေကို ပြုလုပ်နိုင်မှာ ဖြစ်ပါတယ်။ Huawei ရဲ့ AI နည်းပညာပံ့ပိုးမှုကြောင့် သုံးစွဲသူတွေဟာပိုမိုပျော်စရာကောင်းတယ့် video တွေကိုဖန်တီးလို့ရမှာ ဖြစ်ပါတယ်။ Selfie ရိုက်ရတာကြိုက်နှစ်သက်ကာပျော်ရွှင်တတ်ပြီး ခေတ်နဲ့အညီရင်ဘောင်တန်းနေတယ့် လူငယ်တွေအတွက် ရည်ရွယ်ထားတယ့်အလျှောက် Nova series အသစ်ဟာ hardware နဲ့ software ကိုပူးပေါင်းပြီး premium သုံးစွဲမှု အတွေ့အကြုံတွေ ရရှိအောင် ပြုလုပ်ပေးမှာပါ။ အလုပ်အတွက်ဘဲဒါမှမဟုတ် ဆော့ကစားဖို့ဘဲအတွက် device တစ်ခုကိုရှာနေတယ်ဆိုရင်တော့ Huawei ရဲ့ နောက်ဆုံးထွက်ရှိထားတဲ့ ကြယ်ပွင့်လေးဟာသင့်အတွက် အလွန်သင့်လျော်ပါတယ်။ Huawei Nova 3 အတွက် Huawei က အသေးစိတ်လေးတွေကအစဂရုစိုက်ပြီးဖန်တီးပေးထားတာမလို့ လက်မလွှတ်သင့်တဲ့ ဖုန်းတစ်လုံးပါ။

3D Qmojis for Fun Selfies

ပရော်ဖက်ရှင်နယ်ဆန်ဆန် ဓာတ်ပုံရိုက်ကူးမှူ အတွေ့အကြုံတွေကို ရရှိခံစားရမှာဖြစ်တဲ့အပြင် ဆယ်လ်ဖီရိုက်ကူးရတာဝါသနာပါတဲ့ လူငယ်တွေအတွက် Huawei ကအသစ်ထပ်မံထုတ်လုပ်လိုက်တဲ့ Nova 3 ဖုန်းထဲမှာ ရှေ့ကင်မရာအသုံးပြုပြီး ရိုက်ကူးရတဲ့ 3D Qmojisများထည့်သွင်းပေးထားပြီး ကြည်လင်ပြတ်သားတဲ့ အသံဖမ်းနိုင်အားရှိတဲ့ မိုက်ကရိုဖုန်းကိုလည်းဗီဒီယိုရိုက်ကူးရာမှာအဆင်ပြေချောမွေ့စေရန် ထည့်သွင်းပေးထားပါတယ်။ လူမှူကွန်ရက်ပေါ်မှာမိမိQmojisများဖြင့်ရိုက်ကူးထားတဲ့ ဓာတ်ပုံများကိုသူငယ်ချင်းများနှင့်အတူမျှဝေခြင်းဖြင့် ပျော်ရွှင်စရာအချိန်များကိုရယူပိုင်ဆိုင်လိုက်ပါ။

AI Beautification That’s Just Right 

လူမှူကွန်ရက်ပေါ်မှာတွေ့ရလေ့ရှိတဲ့ ဓာတ်ပုံရိုက်ကူးရာမှာမျက်နှာအနေအထားအယူအဆ မလှပခြင်း၊မျက်ကွင်းညိုခြင်း၊ မျက်နှာပြဲနေခြင်း နှင့် မချိုးမကျသော ခန္ဓာကိုယ်အမျိုးအစားတို့ကိုပုံမှန် ဓာတ်ပုံ application အများစုဟာဖုံးကွယ်ပြုပြင်မပေးနိုင်ကြပါဘူး။ သုံးစွဲသူတွေအတွက် ဓာတ်ပုံရိုက်ကူးပြီး Beautify လုပ်ရာမှာအဆင်ပြေစေရန် NPU၊ ISP နှင့် ခေတ်ရှေ့ပြေးတဲ့AI နည်းပညာတွေပါဝင်တဲ့ ကမ္ဘာ့ပထမဆုံးသော AI ကင်မရာ ၄ လုံးပါဝင်တဲ့ Nova 3 စမတ်ဖုန်းကို Huawei မှ ထုတ်လုပ်ထားပါတယ်။

ဒီတော့ ဆယ်လ်ဖီကြိုက်တဲ့၊ ပျော်စရာကောင်းပြီးခေတ်ရှေ့ပြေးတဲ့ စမတ်ဖုန်းအလန်းစားကိုမှ ကိုင်ချင်တဲ့ လူငယ်တွေအတွက်တော့ Huawei ရဲ့ Nova 3 ဟာhardware ပိုင်းအရသော်လည်းကောင်း၊ software ပိုင်းအရသော်လည်းကောင်းထိပ်ဆုံးကရွေးချယ်စရာဖုန်းအဖြစ်ရပ်တည်နေမယ်လို့ သုံးသပ်ချင်ပါတယ်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly