နိုင်ကျဉ်းများလွှတ်ရန် တောင်းဆိုသည့်စာများ မြောင်းမြလမ်းများပေါ်တွင်ရေးထား

နိုင်ကျဉ်းများလွှတ်ရန် တောင်းဆိုသည့်စာများ မြောင်းမြလမ်းများပေါ်တွင်ရေးထား

မြောင်းမြ၊ စက်တင်ဘာ ၄ ။           ။ မြောင်းမြမြို့ လမ်းများပေါ်တွင် "နိုင်ငံရေး အကျဉ်းသားများလွှတ်၊ နိုင်ငံရေးအကျဉ်းသားများချက်ခြင်းလွှတ်" စာများအား စက်တင်ဘာလ၄ရက်က လိုက်လံရေးသား ထားသည်ကို ရေးသားသူအား စုံစမ်းလျက်ရှိသည်ဟု ဧရာဝတီတိုင်းဒေသကြီး ရဲတပ်ဖွ့ဲမှူးရုံးမှ ဒုရဲမှူးအောင်နိုင်မိုးက မဇ္ဈိမသို့ပြောသည်။

"အခု အမှုဖွင့်ထားတာမရှိဘူး၊ စုံစမ်းစစ်ဆေးမှုတော့ လုပ်နေတယ်"ဟု တိုင်းရဲတပ်ဖွဲ့မှူးရုံးမှ ဒုရဲမှူးအောင်နိုင်က ပြောသည်။

ဧရာဝတီတိုင်း၊ မြောင်းမြမြို့ပေးရှိ နံရံများ၊ လမ်းများ၊ ဘောလုံးကွင်းများတွင် မှုတ်ဆေးဗူးအရောင်စုံဖြင့် နိုင်ငံရေးအကျဉ်းသားများကို လွှတ်ပေးရန် တောင်းဆိုသည့် စာသားများကို ရေးသားထားထားသည်ကို စက်တင်ဘာ ၄ရက် နံနက်တွင် တွေ့ရှိခဲ့ခြင်းဖြစ်သည်။

"၁၀နေရာ ရေးထားတယ်။ စာသားတွေ အခုမရှိတော့ဘူး ရဲတပ်ဖွ့ဲက လိုက်ဖျက်ပေးတယ်" ဟု ဒုရဲမှူးအောင်နိုင်က ပြောသည်။

ယခုကဲ့သို့ အဖြစ်မျိုး ယခင်က မကြုံဖူးသည့်အတွက် ဘယ်သူဘယ်ဝါရေးသားသည်ကိုလည်း မခန့်မှန်းနိုင်သေးဘဲ စုံစမ်းဆဲသာရှိသည်ဟု ၎င်းက ဆိုသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly