ခွဲစိတ်ပြီးခါစ သြစတြေးလျပရိသတ်တစ်ဦးထံသို့ Katy Perry သွားရောက်လည်ပတ်

ခွဲစိတ်ပြီးခါစ သြစတြေးလျပရိသတ်တစ်ဦးထံသို့ Katy Perry သွားရောက်လည်ပတ်

 

သြဂုတ် ၂ ။          ။ သြစတြေးလျနိုင်ငံမှာ ဖျော်ဖြေလျက်ရှိတဲ့ Katy Perry ဟာ ဦးနှောက်ခွဲစိတ်ထားတဲ့ ပရိသတ်လေးတစ်ယောက်ဆီကို သွားရောက်လည်ပတ်ခဲ့ပါတယ်။

Grace Moores ဟာ ဦးနှောက်ခွဲစိတ်ကုသမှု ခံယူခဲ့ရပြီး Adelaide မြို့မှာကျင်းပတဲ့ Katy Perry ရဲ့ ရှိုးပွဲကို မသွားလိုက်ရတဲ့အတွက် Katy က လာရောက်လည်ပတ်တာဖြစ်ပါတယ်။

“ညီမလေးက အသက် ၃ နှစ်ကတည်းက Katy ရဲ့အမာခံပရိသတ်တစ်ယောက်ဖြစ်ခဲ့တာပါ။ ဒါပေမယ့် ဦးနှောက်ကင်ဆာဖြစ်နေလို့ ဘယ်ရှိုးပွဲကိုမှ မသွားဖြစ်ပါဘူး။” ဆိုပြီး Katy Perry လာရောက်လည်ပတ်အောင် Grace ရဲ့အစ်မက ၎င်းရဲ့ တွစ်တာစာမျက်နှာမှာ ရေးသားခဲ့တာဖြစ်ပါတယ်။

Adelaide ဖျော်ဖြေရေးစင်တာမှာ မဖျော်ဖြေခင် ပြီးခဲ့တဲ့ အင်္ဂါနေ့မှာ Grace ဆီကို Katy Perry လာရောက်လည်ပတ်ခဲ့တယ်လို့ သိရပါတယ်။

“Katy လည်းရောက်တော့ သမီးလေးလည်း အရမ်းကိုပျော်နေတာပေါ့။”လို့ Grace ရဲ့အမေဖြစ်သူ Marie က The Advertiser ကိုပြောပါတယ်။

“Katy ကတကယ့်ကို စိတ်ထားကောင်းတဲ့ အမျိုးသမီးပါ။ သမီးလေးရဲ့ ကျန်းမာရေး အခြေအနေကို မေးတယ်။ သမီးလေးရဲ့အိပ်ခန်းကို လိုက်ပြခိုင်းတယ်။”လို့ ၎င်းကဆက်ပြောပါတယ်။

Katy ဟာ Grace အတွက် တီရှပ်အင်္ကျီမှာ လက်မှတ်ထိုးပေးခဲ့သလို သီချင်းသုံးပုဒ်ပါ ဆိုပြခဲ့တယ်လို့ သိရပါတယ်။

Katy Perry ဟာ ၎င်းရဲ့ WITNESS: The Tour ရှိုးပွဲကြီးကို သြစတြေးလျမြို့ကြီးတွေဖြစ်တဲ့ Melbourne၊ Brisbane နဲ့ Sydney မြို့တွေမှာ ဆက်လက်ဖျော်ဖြေသွားမှာဖြစ်ပါတယ်။

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly

Tags