ရေထဲမျောပါသွားသည့် နောက်ဆုံးကျန်ရှိသော တပ်မတော်သား ရုပ်အလောင်း တွေ့

ရေထဲမျောပါသွားသည့် နောက်ဆုံးကျန်ရှိသော တပ်မတော်သား ရုပ်အလောင်း တွေ့
ဇူလိုင်လ ၃၀ ရက်က တပ်မတော်သား ရုပ်အလောင်းအား တွေ့ရှိစဉ်။ ဓာတ်ပုံ-ဒေါ်ခိုင်ခိုင်လဲ့ဖေ့ဘွတ်ခ်

သြဂုတ် ၁ ။                 ။ မွန်ပြည်နယ်၊ ဘီးလင်းမြို့နယ်အတွင်း ရေဘေးကယ်ဆယ်ရေးဆောင်ရွက်နေစဉ် မျောပါသွားသော တပ်မတော်သား ၃ ဦးအနက် နောက်ဆုံး ကျန်ရှိသော တပ်မတော်သား ရုပ်အလောင်း တွေ့ရှိကြောင်း သိရသည်။

ယနေ့ သြဂုတ်လ ၁ ရက် မွန်းလွဲ ၂ နာရီ ၄၅ မိနစ်တွင် မစောတံတား၏တောင်ဘက် မီတာ ၁၅၀၀ ခန့် အကွာ ရထားလမ်းတံတားအနီးရှိ ခြုံနွယ်များအတွင်း၌ အဆိုပါတပ်မတော်သားရုပ်အလောင်းကို တွေ့ရှိခဲ့ပြီး ယနေ့ ညနေပိုင်းတွင် စစ်အခမ်းအနားဖြင့် ကောင်းမွန်စွာ သြင်္ဂိုဟ်ပေးခဲ့ပြီးဖြစ်ကြောင်း တပ်မတော်ကာကွယ်ရေး ဦးစီးချုပ်ရုံးမှ ထုတ်ပြန်သည်။

ရေဘေးကယ်ဆယ်ရေးလုပ်ငန်းများ ဆောင်ရွက်စဉ် ဇူလိုင် ၂၇ ရက် မွန်းလွဲပိုင်းတွင် ရေစီးနှင့်အတူ တပ်မတော်သား ၃ ဦး မျောပါပျောက်ဆုံးသွားခဲ့ခြင်း ဖြစ်ပြီး ၂ ဦးအလောင်းကို ရှာဖွေတွေ့ရှိပြီး ဖြစ်သည်။

ဇူလိုင်လ ၃၀ ရက် နံနက် ၈ နာရီ ၄၅ မိနစ်ခန့်တွင် မစောတံတား၏ တောင်ဘက် မီတာ ၁၄၀၀ ခန့်အကွာ ရေအောက်ရှိ ခြုံနွယ်များအတွင်း ငြိတွယ်လျက်ရှိသော တပ်မတော်သား ၁ ဦး၏ ရုပ်အလောင်း တွေ့ရှိခဲ့ပြီး ဇူလိုင် ၂၇ ရက် မွန်းလွဲပိုင်းကလည်း တပ်မတော်သား ၁ ဦး၏ ရုပ်အလောင်းအား တွေ့ရှိခဲ့သည်။

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly