မြိတ်ပြည်သူ့ဆေးရုံကြီးတွင် ခွဲစိတ်ခန်းသုံးမီးစက် ပစ္စည်းများ ဖောက်ထွင်းခံရ

မြိတ်ပြည်သူ့ဆေးရုံကြီးတွင် ခွဲစိတ်ခန်းသုံးမီးစက် ပစ္စည်းများ ဖောက်ထွင်းခံရ

မြိတ်၊ သြဂုတ်လ ၁ ။       ။ တနင်္သာရီတိုင်း မြိတ်မြို့နယ်၊ မြိတ်ပြည်သူ့ဆေးရုံကြီးတွင် ခွဲစိတ်ခန်းသုံး မီးစက်ကြီး၏ ဘက္ထရီအိုး ၂ လုံးနှင့် အခြားဆက်စပ်ပစ္စည်းများကို ဇူလိုင်လ ၃၁ ရက်နေ့ ညပိုင်းက ဖောက်ထွင်း ခိုးခံ လိုက်ရကြောင်း ယင်း ဆေးရုံကြီးထံမှ သိရသည်။

မြိတ်ပြည်သူ့ဆေးရုံကြီးရဲ့ အနောက်ဘက်ရှိ ခွဲစိတ်ခန်း၏ နံဘေးတွင် ရှိသည့် မီးစက်ကြီးရုံ နောက်ဘက် ပြတင်းပေါက်သံတခါးကို ဖျက်ဆီးပြီး ခိုးခံလိုက်ရခြင်း ဖြစ်ကြောင်း ယင်း ဆေးရုံ၏ လုံခြုံရေးဝန်ထမ်းများထံမှ သိရသည်။

အဆိုပါ ဖောက်ထွင်း ခိုးခံရသည့် ပစ္စည်းများမှာ ခွဲစိတ်ခန်းသုံး မီးစက်ခန်း၏ 3K အမျိုးအစား 12V N150 အပြာရောင် ဘက္ထရီအိုးကြီး (၂) လုံး၊ MECTROTIC အမျိုးအစား 12 V ဘက္ထရီ အားသွင်းစက် (၁)လုံး၊ UPS နဲ့ တွဲလျက် ရှိသော 12V ဘက္ထရီ (၁) လုံး၊ ဂွစုံ ထည့်ထားသည့် သေတ္တာ (၁) လုံးနှင့်မီးကြိုးခွေ (ကြေးကြိုး) အချို့တို့ကို ခိုးခံလိုက်ရခြင်း ဖြစ်သည်။

ယင်း ကိစ္စနှင့်ပတ်သက်ပြီး သက်ဆိုင်ရာနယ်မြေ ရဲကင်းမှူးများက မြို့ပေါ်ရှိ အဟောင်းပစ္စည်း အရောင်း/ ဝယ်ဆိုင်များတွင် လိုက်လံစုံစမ်းနေပြီး၊ တရားခံအား ဖမ်းဆီးနိုင်ခြင်း မရှိသေးဘဲ၊ မြို့နယ်ရဲစခန်းတွင်လည်း လာရောက် အမှုဖွင့်ထားခြင်း မရှိသေးဟု တာဝန်ကျ ရဲတပ်ဖွဲ့ဝင် တစ်ဦးက ပြောဆိုသည်။

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly