MTV Michael Jackson Vanguard ဆုရရှိမည့် ဂျနီဖာလိုပက်ဇ်

MTV Michael Jackson Vanguard ဆုရရှိမည့် ဂျနီဖာလိုပက်ဇ်

 

သြဂုတ် ၁ ။                       ။ MTV ဗီဒီယိုသီချင်းဆုပေးပွဲကို များမကြာမီမှာ ကျင်းပသွားမှာဖြစ်ပေမယ့် ဆုရရှိသူတစ်ဦးကိုတော့ ထုတ်ပြန်ကြေညာလိုက်ပြီ ဖြစ်ပါတယ်။

“ဂျနီဖာလိုပက်ဇ် (အသက် ၄၉ နှစ်) ဟာ MTV Michael Jackson Vanguard ဆုရရှိမှာဖြစ်ပါတယ်။”လို့ MTV က ပြီးခဲ့တဲ့ အင်္ဂါနေ့မှာ ကြေညာခဲ့တာဖြစ်ပါတယ်။

"လိုပက်ဇ်ဟာ ကမ္ဘာ့လွှမ်းမိုးမှုအရှိဆုံး ဂီတ၊ သရုပ်ဆောင်၊ မော်ဒယ်လ်၊ စီးပွားရေးလုပ်ငန်းရှင် တစ်ဦးဖြစ်ပါတယ်။"လို့ ၎င်းကဆက်ပြောပါတယ်။

သြဂုတ်လ ၂၀ ရက်မှာ ကျင်းပမယ့် MTV ဗီဒီယိုသီချင်းဆုပေးပွဲမှာ ဂျနီဖာလိုပက်ဇ် ဖျော်ဖြေပေးသွားမယ်လို့ သိရပါတယ်။

Vanguard ဆုအပြင် လိုပက်ဇ်ဟာ လာမယ့်လမှာ ဆုတစ်ခုထပ်ရဖို့ရှိပါသေးတယ်။ ကာတီဘီ နဲ့ ဒီဂျေခါးလ် တို့နဲ့တွဲဆိုထားတဲ့ Dinero သီချင်းအတွက် အကောင်းဆုံးလက်တင်ဂီတဆုရရှိမှာဖြစ်ပါတယ်။

ပြီးခဲ့တဲ့နှစ်မှာ Vanguard ဆုကို အဆိုတော် ပင့်ခ် ဆွတ်ခူးရရှိခဲ့တာဖြစ်ပြီး Vanguard ဆုရရှိဖူးတဲ့ တခြားအဆိုရှင်တွေကတော့ ရီဟားနား၊ ကိန်ဝက်စ်နဲ့ ဘီယွန်ဆေးတို့ ဖြစ်ပါတယ်။
 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly