‘အာရှအားကစားပြိုင်ပွဲဝင်မယ့် မြန်မာအသင်းအတွက် အကျိုးရှိတဲ့ ပြိုင်ပွဲတစ်ရပ်ဖြစ်လာမှာပါ’ - နည်းပြ အန်တွမ်နီးဟေး

‘အာရှအားကစားပြိုင်ပွဲဝင်မယ့် မြန်မာအသင်းအတွက် အကျိုးရှိတဲ့ ပြိုင်ပွဲတစ်ရပ်ဖြစ်လာမှာပါ’ - နည်းပြ အန်တွမ်နီးဟေး
(ဓာတ်ပုံ - MFF)

သြဂုတ်လ ၁ ရက်မှ ၅ ရက်အထိ ကျင်းပမယ့် Alpine Cup 2018 လေးနိုင်ငံ ဖိတ်ခေါ်ပြိုင်ပွဲအတွက် ပွဲကြိုသတင်းစာရှင်းလင်းပွဲကို ဇူလိုင်လ ၃၁ ရက်က မန္တလေးမြို့ရှိ ဟိုတယ်ရွှေပြည်သာမှာ ကျင်းပပြုလုပ်ခဲ့တယ်လို့ သိရပါတယ်။ 

မြန်မာ ယူ ၂၃ အသင်းဟာ အဖွင့်ပွဲစဉ်အဖြစ် သြဂုတ် ၁ ရက်နေ့မှာ တောင်ကိုရီးယား ယူ ၁၉၊ သြဂုတ် ၃ မှာ ဘာရိန်း ယူ ၂၃၊ သြဂုတ် ၅ မှာ ထိုင်း ယူ ၂၃ အသင်းတို့နဲ့ ပွဲစဉ်တွေကို ကစားရမှာဖြစ်ပါတယ်။

“လာရောက်ယှဉ်ပြိုင်ပေးတဲ့အသင်း အားလုံးကို ကျေးဇူးတင်ရှိပါတယ်။ ဒီပြိုင်ပွဲက အာရှအားကစားပြိုင်ပွဲဝင်မယ့် မြန်မာအသင်းအတွက် အကျိုးရှိတဲ့ ပြိုင်ပွဲတစ်ရပ်ဖြစ်လာမှာပါ။ ပြိုင်ဘက်ကောင်းတွေနဲ့ ယှဉ်ပြိုင်ရတဲ့အတွက် ကစားသမားတွေ ယုံကြည်မှု ရရှိစေမှာလည်းဖြစ်ပါတယ်။ မီဒီယာတွေအနေနဲ့လည်း ကျနော်တို့ ပြောသမျှတင် မဟုတ်ဘဲ အသင်းကို လာရောက် မေးမြန်း သတင်းရယူနိုင်ပါတယ်”လို့ မြန်မာယူ-၂၃ အသင်းနည်းပြချုပ် အန်တွမ်နီးဟေးက အဆိုပါ သတင်းစာရှင်းလင်းပွဲမှာ ပြောပါတယ်။

မန္ထလေးမြို့မှာ ALPINE CUP 2018 လေးနိုင်ငံဘောလုံးပြိုင်ပွဲကို သြဂုတ်လ ၁ ရက်နေ့မှ ၅ ရက်နေ့အထိ အိမ်ရှင်အဖြစ် လက်ခံကျင်းပသွားမှာပါ။ 

Alpine Cup 2018 ပွဲစဉ်များအတွက် လက်မှတ်များကို ဗထူးကွင်းနဲ့  မန္တလောသီရိကွင်းမှာ ရောင်းချနေပြီး လက်မှတ်ဈေးနှုန်းများတွေကတော့၂၀၀၀ နဲ့ ၃၀၀၀ ကျပ်ဖြစ်ပါတယ်။

မြန်မာ ယူ၂၃ အသင်းပွဲစဉ်များကို MRTV နဲ့ For Sport ရုပ်သံတို့မှာ တိုက်ရိုက်ပြသပေးသွားမှာဖြစ်တယ်လို့ သိရပါတယ်။

Ref; MFF

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly